Part 13(Zawgyi&Unicode)

8.2K 746 15
                                    

[Zawgyi]

မင်းမြတ် ရေချိုးပြီး ထွက်လာတော့ အခန်းထဲမှာ သွေးခန့်မရှိတော့ ... ဝတ်စရာအင်္ကျီထုတ်ပေးထားမယ်ဆိုလို့ ကုတင်ပေါ်လှမ်းကြည့်လိုက်တော့ ကုတင်ခြေရင်းဘက်နားမှာ ခေါက်ထားတဲ့ အဝတ်အစားလေး တစ်ထပ် ... မင်းမြတ်လဲ ခါးမှာတဘက်အဖြူတစ်ထည် ပတ်ထားရက်နှင့် လက်တစ်ဖက်က ရေစိုနေတဲ့ ခေါင်းကို သုတ်ရင်း ကုတင်ဘက်ကို လျှောက်ခဲ့လိုက်သည်။ သွေးခန့်စောင့်နေရတာ ကြာနေမှာ စိုးလို့ ကုတင်ပေါ်က ထုတ်ထားပေးတဲ့ အဝတ်တွေ မြန်မြန်ကောက်ဝတ်လိုက်တော့သည်။ အဝတ်အစားလဲပြီး အခန်းပြင်ထွက်လာတော့ သွေးခန့်အခန်းက အောက်ထပ်မှာပင် ဖြစ်ပုံရသည်။ ဘေးကပ်ရပ်မှာ ဧည့်ခန်းရှိနေပြီး ဧည်ခန်းထဲမှာ သွေးခန့်က ဂိမ်းဆော့ရင်း မင်းမြတ်ကို စောင့်နေသည်။

'ကိုခန့်ရေ ငါပြီးပြီ ညဈေးတန်းသွားမယ်ဆို'

'Okok ကိုမြတ် ခဏလေးနော် ကိုယ် play နေတာ တန်းလန်းကြီး ဖြစ်နေလို့ tower ကျိုးတော့မှာ'

'အေးအေး'

မင်းမြတ်မေးလိုက်တော့ သွေးခန့်က မင်းမြတ်ဘက်ကို လှည့်မကြည့်လာပဲ ဂိမ်းဆော့နေရင်း အော်ပြောလာတာမလို့ မင်းမြတ်လဲ ဘာမှ ပြောမနေတော့ ... သွေးခန့်ထိုင်နေတဲ့ ဧည့်ခန်းဘက် လျှောက်လာပြီး သွေးခန့်နဲ့ မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာပဲ ငြိမ်ငြိမ်ထိုင်စောင့်နေလိုက်တော့သည်။

'ကိုမြတ် သွားရအောင်လေ'

'အော် ဆော့ပြီးပြီလား'

ထိုင်ပြီး ဘယ်လောက်မှတောင်မကြာလိုက် သွေးခန့်က အပြင်သွားကြမယ် ပြောလာသည်။

'အင်း night market သွားမလား ဒါမှမဟုတ် ကိုမြတ် စားချင်တာ ရှိလား '

'ငါက ရတယ် ဘယ်သွားသွား မိန်းထဲက night market ပဲမလား'

'ဟုတ်တယ် ဘာစားချင်လို့လဲ ကိုမြတ်'

'ငါတို့ အပ်မှိုကင်သွားစားရအောင် ပြီးတော့ တခြားအကင်တွေလဲ စားချင်လို့'

'ရတယ်လေ ကိုမြတ် သွားမယ်'

သွေးခန့်က ဘာစားချင်လဲ မေးလာတော့လဲ မင်းမြတ်စားချင်တာ ပြောလိုက်သည်။ နှစ်ခါမပြောရပဲ သွေးခန့်ကလဲ လက်ခံတာမလို့ နှစ်ယောက်သားအတူ အိမ်က ထွက်ခဲ့တော့သည်။ မိန်းထဲ သွားကြမယ် ဆိုပေမယ့် သွေးခန့်အိမ်နဲ့ မိန်းထဲက နည်းနည်း လှမ်းသည်။ ကားနဲ့လဲ သွားလို့မဖြစ် ... မိန်းထဲက လမ်းတွေက နည်းနည်းကျဉ်းတာမလို့ ညပိုင်းလူစည်တဲ့ အချိန်ဆို ကားကျပ်တတ်သည်။ ဒါကြောင့် ဆိုင်ကယ်နဲ့ပဲ ထွက်လာတော့သည်။ သွေးခန့်က ရှေ့က မောင်းပြီး မင်းမြတ်က နောက်က ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now