Part 2 (Zawgyi&Unicode)

13.9K 1.1K 6
                                    

[Zawgyi]

မင်းမြတ်မှာ ကျောင်းကိုရောက်တာနဲ့ ဆိုင်ကယ်စတန်းမှာ ဆိုင်ကယ်သေချာရပ်ပြီး ဇက်သော့သေချာခတ်ရသေးသည်။ ကိုယ့်ကျောင်းတွင်းဆိုပေမယ့် ကျောင်းသားဟန်ဆောင်ကာ ဆိုင်ကယ်ခိုးသွားတတ်ကြတာကြောင့် ဆိုင်ကယ်ဇက်သော့ကိုတော့ သတိထားခတ်ရသည်။

အကုန်စိတ်ချရပြီဆိုမှ သူသူနှင့်ကိုစိုင်းတို့ရှိနေမယ့် ဒုတိယအထပ်က အတန်းရှိရာကို သုတ်ခြေတင်ရတော့သည်။ မင်းမြတ်တို့အုပ်စုက တတိယနှစ်မလို့ အတန်းကဒုတိယထပ်တွင်ရှိသည်။ အတန်းထဲရောက်ပြီဆိုကာမှ သူသူနဲ့ကိုစိုင်းတို့ ထိုင်နေတဲ့နားမှာ မြန်ြမန်ဝင်ထိုင်ကာ အမောဖြေရသည်။

အုန်း ...!

" အား ... သူသူမ နင်ဘာလုပ်တာတုန်းဟာ... နာလိုက်တာ "

" ငနွား . မြန်မြန်လာပါဆို သေမလိုတွေကြာနေတာလား ... ငါတို့ကို နင်စာပြန်ရှင်းပြရဦးမယ်လေ "

သူငယ်ချင်းနှစ်ယောက်နားဝင်ထိုင်ပြီး ခုံပေါ်ဖင်ချထိုင်ကာ အမောဖြေနေရုံရှိသေး သူသူက ဖတ်စာအုပ်နဲ့ရိုက်လိုက်တာမလို့ ကျောပင်ကော့သွားရသည်။ သူသူဆိုသည်မှာ လက်သံကလည်းပြောင်သေးသည်။

" မိန်းကလေးဖြစ်ပီး ချိုချိုသာသာ ပြောစမ်းပါဟာ ... ကြမ်းကြမ်းတမ်းတမ်းနဲ့ လက်သံကလဲပြောင်သေး ... အဲ့တာကို နင့်ကိုဝိုင်းကြိုက်နေကြတဲ့ ကောင်တွေအစား ငါအံ့ဩတယ် "

" အံမယ် ... မနာလိုမရှိပါနဲ့နော် ... ငါက ငါ့ဘာသာငါ ချစ်စရာကောင်းပြီးသား "

လက်မနဲ့လက်ညှိုးကို အမှန်ခြစ်ပုံစံလေးလုပ်ပြီး မေးစေ့အောက်ထားကာ ဂုဏ်ဆာသလိုမျိုးလေး လုပ်ပြနေတာမို့ မင်းမြတ်မှာ ရယ်သာရယ်မိတော့သည်။

" ပြောမနေနဲ့ သားကြီးရေ . သူသူ့အကြောင်းမသိတာလည်း မဟုတ်ဘူး ... သူက သူ့ကိုလာကြောင်နေတဲ့ ကောင်တွေအကုန်လုံးကို ယောကျာ်းကြည့်ပေးစားဖို့ ချောင်းနေတာဟ ... ငါတို့နှစ်ကောင်တောင် ပတ်ပြေးနေရတာကို မင်းမသိတာကျလို့ "

ရောက်ကတည်းက တစ်ချိန်လုံးငြိမ်နေတဲ့ကိုစိုင်းကပါ သူသူ့အကြောင်း အရွှန်းဖောက်လာတော့သည်။ ဟုတ်တော့လဲည်းဟုတ်သည်။ သူသူ က Fujoshi မလို့ သူ့နားကပ်လာတဲ့ ကောင်လေးတွေကို ပြန်မကြိုက်ပဲ ယောကျာ်းပေးစားဖို့သာ ချောင်းနေတတ်သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now