Part 32(Zawgyi&Unicode)

5.6K 517 8
                                    

[Zawgyi]

မနက်ခင်းလေးက မိုးတိတ်သွားပေမယ့် တံစက်မြိတ်ကနေ တွဲလွဲခိုလို့ ကျနေတဲ့ မိုးရေစက်အသံတို့က တဖြောက်ဖြောက် ... သွေးခန့် နိုးလာတော့ ပုံမှန်ထက် နွေးထွေးမှုကို ခံစားရသည်။ တရားခံကတော့ ရင်ခွင်ထဲက မြတ်နိုးမှု လုံးလုံးလေး ... ပြတင်းပေါက်ကနေ မိုးရေစက်တွေကြောင့် စူးစူးလက်လက် အလင်းရောင်လေးတွေ ဝင်လာသည့်တိုင် နွေးထွေးမှု အလင်းလေးကတော့ မနိုးသေး ... အချိန်ကို ကြည့်လိုက်တော့ မနက် ၈ နာရီတောင် ထိုးတော့မယ် ... တကယ်ကို စိတ်ချမ်းသာစရာ ...

မနက်ခင်းမှာ မြင်တွေ့ရတဲ့ မျက်စိရှေ့က ချစ်မဝလေးရဲ့ မျက်နှာ ရှင်းရှင်းလေးက သွေးခန့်ရဲ့ မနက်ခင်းကို ပြည့်စုံစေဖို့ အကြောင်းပြချက် ... ကြည့်နေရင်း ရင်ခွင်ထဲက နွေဦးငယ်လေးကို အသည်းယားလာတာကြောင့် မနေထိုင် မထိုင်နိုင် ချစ်ရသူရဲ့ နှာဖျားလေးကို နှုတ်ခမ်းတို့နဲ့ ခပ်ဖွဖွ ထိကပ်ထားမိသည်။ ထို့နောက် အပေါ်ကို ဆန်တက်ပြီး နဖူးပြင် ပြေပြေလေးပေါ် စခန်းချသည်။ နမ်းမွှေးနေတုန်း နှုတ်ခမ်းအောက်က မျက်နှာလေးက ခပ်လှုပ်လှုပ် ဖြစ်လာလို့ နမ်းရာမှ ခွာရင်း နွေဦးငယ်ကို ငုံ့ကြည့်မိတော့ သွေးခန့်ကို မော့ကြည့်နေတဲ့ အိပ်ယာထစ မျက်လုံးဝါးဝါးလေးတွေ ...

'ခန့်က ငါ့ကို ခိုးနမ်းနေတယ်ပေါ့'

'အဟား ကိုယ်က ခိုးနမ်းစရာလားကွာ ကိုယ့်ချစ်သူ ကိုယ် နမ်းတာပဲ ပေါ်တင်နမ်းလဲ ဘယ်သူမှ မပြောဘူး'

ပြောရင်းဆိုရင်း သွေးခန့်က နွေဦးနုနုရဲ့ မျက်နှာ အနှံ့ကို အရောင်မပါတဲ့ အနမ်းဖြူလွှလွှတို့ကို ကြဲချမိတယ် ... နဖူးလေး ပါးနှစ်ဖက် နဲ့ သွေးခန့်ရဲ့ မြတ်နိုးမှု နှာခေါင်းဖျားလေး ...

'တော်တော့ ခန့် ဟားး ယားတယ်လို့ ခန့် တော်ပြီလေ'

နှုတ်ခမ်းတို့နဲ့ နမ်းတာမျိုးမဟုတ်ပဲ နှာခေါင်းနဲ့သာ တရှုံ့ရှုံ့လုပ်ပြီး လိုက်နမ်းနေတာမလို့ မြတ်နိုးမဝလေးကတော့ ယားတယ်ဆိုကာ လူးလိမ့်နေပြီ ... မျက်နှာအနှံနမ်းမွှေးလို့ဝတော့ သွေးခန့်ရဲ့ အနမ်းတို့ အဆုံးသတ်က ချစ်ရသူရဲ့ နှုတ်ခမ်းလေးမှာ ... မင်းအတွက်သာ မြတ်နိုးမှုက ကဋေကဋာ ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now