Part 27(Zawgyi&Unicode)

6.2K 574 8
                                    

[Zawgyi]

'လိုတာတွေ ထည့်စားနော် ကိုမြတ် မေမေချက်တဲ့ အုန်းနို့ခေါက်ဆွဲက အကောင်းဆုံးပဲ'

'အေးပါကွာ မင်းထည့်ပေးထားတာတွေတောင် မကုန်သေးတာ အပိုမလုပ်စမ်းနဲ့'

သွေးခန့်က မိခင်ဖြစ်သူ ပန်းကန်ထဲကို အုန်းနို့ခေါက်ဆွဲဟင်းရည် လှမ်းထည့်ပေးနေရင်း မင်းမြတ်ကို ပြောလာတော့ မင်းမြတ်လဲ ပေစောင်းစောင်းပြောရင်း တုန့်ပြန်လိုက်သည်။ စားနေရင်း မင်းမြတ်က သွေးခန့်မေမေဘက်ကို လှည့်ကြည့်လိုက်တော့လဲ သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးလို့ရယ် ... မိခင်တစ်ယောက်ရဲ့ ကြည်ကြည်နူးနူး အပြုံးလေးတွေက သိပ်လှတယ် ...

'စားပြီးရင် ပန်းကန်တွေ Basin မှာ တင်ထားခဲ့နော် သားတို့ မေ ဆေးလိုက်မယ်'

'အာ မဟုတ်တာ မေရဲ့ သားတို့ ဆေးမှာပေါ့ နော့ ခန့် ပြောလိုက်လေ ငါတို့ ဆေးမှာလို့'

'ဟုတ်ပါ့ မေကလဲ မေ့သား နှစ်ယောက်လုံး ရှိတာ မေက ဆေးစရာလား သားတို့ ဆေးမှာ မေမေက ဇိမ်နဲ့ နေရုံပဲ'

သွေးခန့်ရဲ့ မေမေက သူ့ကိုယ်သူ မေလို့ သုံးပြီး ပြောလာတာမလို့ မင်းမြတ်ကလဲ မေမေလို့ပဲ ခေါ်သည်။ သားသမီးကို အပြည့်အဝနားလည် လက်ခံပေးရုံသာမက သားသမီးရဲ့ ချစ်သူဖြစ်သူကိုပါထပ်တူ ချစ်ပေးသည်။

'ဟုတ်ပါပြီ အဲ့တာဆို မေမေတော်ပြီနော် အများကြီး စားရင် မေ့အတွက် မကောင်းဘူးလေ'

'ဟုတ်ပါပြီဗျာ မေကလဲ ထားခဲ့ မေ့သားမက် ဆေးလိမ့်မယ်'

သွေးခန့် အပြောကြောင့် မေမေကလဲ သဘောတကျ ပြုံးရယ်ပြီး ထမင်းစားခန်းထဲက ထွက်သွားသည်။ သွေးခန့်က မင်းမြတ်ဘက်ကို ကြည့်လိုက်တော့ မေ့သားမက်လို့ ပြောလိုက်တာကို မနေတတ်ဖြစ်သွားဟန် တူသည်။ ခေါင်းငုံကာ အုန်းနို့ခေါက်ဆွဲတွေ အတင်းစားနေသည်။ သွေးခန့်လဲ ရှေ့က ရှက်နေတဲ့ ချစ်ရသူ နွေဦး အလင်းလေးကို စ မနေတော့ပဲ ကိုယ့်ပန်းကန်ထဲက အုန်းနို့ ခေါက်ဆွဲပဲ အရင် ကုန်အောင်စားလိုက်တော့သည်။

'ဟိုလေ ခန့် ငါစားလို့ ကုန်ပြီ မင်းရော ပြီးပြီလား ငါအကုန် ပေါင်းဆေးပေးမယ်'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now