Part 15(Zawgyi&Unicode)

7.2K 725 13
                                    

[Zawgyi]

မင်းမြတ်နဲ့ သွေးခန့်တို့ ယုဇနမြိုင်ကနေ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်လာကြတော့ ဘယ်မှ ထပ်မသွားတော့ပဲ မင်းမြတ်အိမ်ကိုပဲ ပြန်ကြတော့သည်။ မင်းမြတ်က လမ်းညွှန်ပေးတာကြောင့် အိမ်ကို ရောက်ဖို့ အလွယ်တကူပင် ... မင်းမြတ်အိမ်ရှေ့ရောက်တော့ ...

'ကိုခန့် ခဏနော် ငါ ခြံတံခါးဆင်းဖွင့်ပေးမယ် ဆင်ဝင်အောက်မှာ မင်းကားရပ်လို့ရတယ်'

မင်းမြတ်က ပြောပြောပြီးချင်း ကားပေါ်က ဆင်းပြီး ခြံတံခါးကို ဆင်းဖွင့်သည်။ မင်းမြတ်ခြံတံခါး သွားဖွင့်နေတုန်း သွေးခန့်က ကားပေါ်ကနေ မင်းမြတ်တို့ အိမ်လေးကို လှမ်းကြည့်တော့ အိမ်လေးက တစ်ထပ်အိမ်အမိုးမြင့်လေးဖြစ်ပြီး ကြက်ဥအကာရောင်လေး သုတ်ထားသည်။ အိမ်ရှေ့ဆင်ဝင်လေးကလဲ အိမ်နဲ့ အညီဆောင်ထားသေးတာမလို့ ကားထားဖို့ နေရာက လုံလုံလောက်လောက် ... အိမ်ရှေ့က မြေကအရမ်းမကျယ်ပေမယ့် မြေကွက်လပ်လေးပေါ်မှာ ပန်းအိုးလေးတွေက အစီအရီ ... သပ်သပ်ရပ်ရပ်လေးနှင့် အိမ်လေးက နေချင်စဖွယ် ... ပတ်ဝန်းကျင်အနေအထားကလဲ ဆိတ်ငြိမ်ရပ်ကွက် ဖြစ်မည့်ပုံပင် ... နားအေးပါးအေးနဲ့ အေးအေးဆေးဆေးနေချင်သူတွေ အတွက်က နေရာကောင်းလေး တစ်ခု ... သွေးခန့် ကားပေါ်ကနေ အိမ်ထဲကို လှမ်းကြည့်နေတုန်း မင်းမြတ်ကလဲ ခြံတံခါးဖွင့်ပြီး သွားပြီမလို့ ခြံထဲကို ကားမောင်လိုက်သည်။ ကားကိုတော့ မင်းမြတ် ပြောသလို ဆင်ဝင်အောက်မှာ ထိုးပြီး သွေးခန့် ကားပေါ်က ဆင်းလိုက်တော့ ...

'လာ ကိုခန့် ငါ့ ဖေကြီးကတော့ အိမ်မှာ မရှိဘူး ထင်တယ် ဆိုင်ကယ်မတွေ့လို့ ငါ့ မေကြီးတော့ ရှိတယ် နေ့လည်လဲ ရောကိပြီဆိုတော့ နေ့လည်စာပါ စားနော် ငါ့ မေကြီးက ဟင်းချက်အရမ်းကောင်းတာ'

'ဟုတ်ပါပြီဗျာ ကိုမြတ် အိမ်ထိ ရောက်နေပြီလေဗျာ စားမှာပေါ့'

နှစ်ယာက်သား ပြောပြောဆိုဆိုနဲ့ အိမ်ရှေ့မှာ ဖိနပ်ချွတ်ပြီး ဝင်မလို့ ရှိသေး အိမ်ထဲက ထွက်လာတဲ့ သူတစ်ယောက် ... ရှင်းရှင်းပြောရရင် မိန်းကလေး တစ်ယောက် ...

'ဟာ နွေဦး နင်ပြန်လာပြီလား ငါတောင် ခုပြန်တော့မလို့ အန်တီက နင် မန္တလေးသွားတယ်ဆိုလို့'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now