Part 41(Zawgyi&Unicode)

5.4K 458 14
                                    

[Zawgyi]

'ခဏနေလောက်ကျရင် ယမင်း အိမ်လာမယ်ပြောတယ် မင်း ဘယ်လိုလုပ်မှာလဲ'

နေ့လည်စာကို ထမင်းဝိုင်းမှာ မျက်နှာစုံညီနဲ့ စားနေကြတုန်း မင်းမြတ်ကို မေကြီးစပြောလာတဲ့ စကား ... ကိစ္စကတော့ ယမင်းနဲ့ ကိစ္စ ... မေကြီး မေးနေသလိုဆိုမှတော့ ဘာလုပ်ရမလဲလေ ... ကိုယ့်ကိစ္စကိုယ်ရှင်းရုံသာ ... နောင်ခါလာနောင်ဈေး လုပ်ပြီး အချိန်ဆွဲထားလို့ကောင်းတဲ့ ကိစ္စမျိုးမဟုတ် ... မေကြီးကတော့ သဘောတူတယ်လဲ မပြော မတူဘူးလဲ မပြောနဲ့ ... တွေးကြည့်ရသလောက်ဆို ဖေကြီးပြောထားတာနဲ့တင် အခြေအနေက မဆိုးဘူးဟုသာ မင်းမြတ် ကိုယ့်အတွေးနဲ့ကိုယ် မှတ်ထားလိုက်တော့သည်။

'သား သူနဲ့ သေချာတွေ့မှာပါ မေကြီး တို့ကိုလဲ အကုန်ပြောပြထားပြီးတာ မလို့ သူ့ကိုလဲ ပြောပြဖို့ သေချာပေါက် လိုမယ်ဆိုတာ သားသိပါတယ်'

'အေး ကိုယ့်အကြောင်း ကိုယ်သိရင် ပြီးတာပဲ များများပြောနေတော့လဲ ဘာလုပ်လို့ရဦးမှာမလို့လဲ'

ဘောက်ဆတ်ဆတ်နဲ့ မေကြီးက စကားပြောရင်း ထမင်းစားလက်စနဲ့ ဘေးက ရေထည့်ထားတဲ့ ရေခွက်ကိုယူကာ ရေတစ်ငုံသောက်လိုက်သေးသည်။ မင်းမြတ်ဖေကြီးကို ကြည့်လိုက်တော့ မျက်လုံးတစ်ဖက်မှိတ်ကာ လက်မကို မသိမသာ ထောင်ပြသည်။ ပြောချင်တာကတော့ စိတ်ပြေနေတာ အတင်းကို တင်းခံထားတဲ့ပုံစံ ... မင်းမြတ်လဲ ဖေကြီးနဲ့ မေကြီးပုံစံကို ကြည့်ပြီးရယ်ချင်နေပေမယ့် မရယ်ရဲတာကြောင့် မျက်စိရှေ့က ထမင်းကိုသာ ပါးစပ်ထဲအတင်းသွပ်နေလိုက်တော့သည်။

ထမင်းစားလို့ပြီးတာနဲ့ ဖေကြီးနဲ့ မေကြီးကိုတောင် မစောင့်ပဲ basin မှာ ပန်းကန်ကို သွားထားကာ အခန်းထဲကိုသာ သုတ်ခြေတင်တော့သည်။ အခန်းထဲရောက်တာနဲ့ အားသွင်းထားခဲ့တဲ့ ဖုန်းကို ဖြုတ်ပြီး ယူကြည့်လိုက်တော့ missed call 2 ခု နဲ့ message 5 စောင်ကို တွေ့ရသည်။ တခြားသူတော့ မဟုတ် ... ချစ်ရသူ ခန့်က အချိန်တိုင်း သူ့ကို စိုးရိမ်မှု အပြည့်နဲ့ စာပို့လိုက် ဖုန်းဆက်လိုက်နဲ့ စိတ်မအေးနိုင်ရှာ ... တနေ့က ဖေကြီးနဲ့ စကားပြောထားတဲ့ အကြောင်းကို ပြောပြထားပေမယ့်လဲ ခန့်မှာတော့ စိတ်မအေးနိုင်ရှာ ... လာမယ်ဆိုတာကိုလဲ မင်းမြတ်က တားထားလို့သာ ... Message တွေကို ဝင်မဖတ်သေးပဲ ခန့်ဆီကို ဖုန်းပြန်ခေါ်လိုက်တော့ ခန့်က ချက်ချင်းဖုန်းကိုင်သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now