Part 16(Zawgyi&Unicode)

6.9K 670 16
                                    

[Zawgyi]

အချိန်အားဖြင့် ည ၇ နာရီ ... မင်းမြတ် အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် ဂဏာမငြိမ် ... သွေးခန့်က သူ့ကို စိတ်ဆိုးသွားသည်မလား ... နေ့လည် ၁ နာရီ လောက်ကတည်းက ပြန်သွားပြီမလို့ သွေးခန့် ညနေမစောင်းခင်ကတည်းက မန္တလေးကို ပြန်ရောက်နေလောက်ပြီဆိုတာ မင်းမြတ် သိသည်။ ရောက်တာကို ရောက်ဖြစ်ကြောင်း ဖုန်းလဲ ဆက်မပြော ... ခုချိန်ထိတော့ မင်းမြတ် တကယ်မနေနိုင်တော့ ... ဖုန်းဆက်ဖို့ လုပ်ရတော့သည်။ ဖုန်းခေါ်ရင်း ဘယ်လောက်မှ မကြာလိုက် တစ်ဖက်က သွေးခန့်က ဖုန်းပြန်ဖြေလာသည်။

'အင်း'

ဖုန်းဖြေတာကိုက စိတ်မပါလက်ပါ ... တယ်လေ ... မင်းမြတ် စိတ်ထဲကနေ အချဉ်ပေါက်ပေါက်တွေးမိသေးသည်။

'အော် အဟမ်း မင်း အိမ်ပြန်ရောက်ပြီလားလို့ပါ ငါ့ကို ဖုန်းမဆက်လို့'

'ကိုယ် မအားသေးလို့ပါ ဘာပြောမလို့လဲ ကိုမြတ်'

အခြေအနေက တော်တော်ဆိုးနေပြီဆိုတာ မင်းမြတ်သိလိုက်ပြီ ... သွေးခန့်က မင်းမြတ်ကို စခင်တဲ့ အချိန်ကတည်းက ခုလို ပုံစံနဲ့ စကားပြောဖူးတာ မဟုတ် ... အခုလို မခေါ်မပြောချင် စိတ်ဆိုးပြန်တော့လဲ မင်းမြတ် တကယ်မနေနိုင် ...

'ဘာမှ မဟုတ်ပါဘူး မင်း ငါ့ကို စိတ်ဆိုးနေတယ်မလား ငါ သိတယ် မင်းစိတ်ဆိုးနေတာကို ငါက မပြောချင်လို့မှ မဟုတ်ပဲလေကွာ'

'......'

'ငါ့နာမည် အပြည့်အစုံက မင်းမြတ်နွေဦးကွာ ဟုတ်တယ် မင်းတို့ကို မပြောပြမိဘူး ငါဝန်ခံတယ်ကွာ ငါ အစမိတ်ဆက်ကတည်းက မပြောထားမိတော့ အခုနောက်ပိုင်းလဲ ပြောရမှာ တစ်မျိုးကြီး ဖြစ်နေလို့ပါကွာ'

'အင်း အခု သိသွားပြီလေ ဘာပြောချင်သေးလို့လဲ'

ကြာတော့ မင်းမြတ်ပါ စိတ်ပြန်တိုချင်လာသည်။ ဒီလောက် ပြောပြနေတာကို ဒီကောင် ဘာဖြစ်ချင်နေမှန်းမသိ ...

'ဘာမှ မဟုတ်တော့ဘူး ဒေါင်းဇားရေ မင်း စိတ်ဆိုးနေတယ်မှတ်လို့ ငါဖုန်းဆက်ပြောတာ လိ့လိုပဲ မင်း'

မင်းမြတ် စိတ်ပေါက်ပေါက်နဲ့ မဆဲစဖူး သွေးခန့်ကို ဆဲမိသည်။မင်းမြတ် ဆဲလိုက်တော့ တစ်ဖက်က သွေးခန့် ရယ်သံ သဲ့သဲ့ ထွက်လာသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now