Part 43(Zawgyi&Unicode)

5.9K 440 22
                                    

[Zawgyi]

ဒီနေ့က သွေးခန့် အသက် ၂၀ ပြည့် မွေးနေ့ ... မနက်မိုးလင်းကတည်းက သွေးခန့် ဘာတွေရှုပ်လို့ ရှုပ်မှန်းမသိ အလုပ်တွေရှုပ်နေသည်။ မျက်နှာသစ်သွားတိုက် အဝတ်အစားလဲပြီးတာနဲ့ ဘုရားရှိခိုးပြီး မေ့ ကိုလဲ ကန်တော့ပြီးသွားပြီ ... မေ့မှာ သွေးခန့် ကန်တော့တာ ခံနေရင်း အသက်တစ်နှစ်ထပ်ကြီးလာပြီဖြစ်တဲ့ သားလေးကို ကြည့်ပြီး ပီတိတွေနဲ့ တပြုံးပြုံး ... ပါးစပ်ကလဲ တွတ်တွတ် ဆုတွေ ပေးလို့ ... မေနဲ့ အတူတူ မနက်စာစားပြီးတော့လဲ အခန်းထဲပြန်ဝင်ကာ ရေမြန်မြန်ချိုးရသည်။ အကြောင်းကား သွေးခန့်ရဲ့ ချစ်လှစွာသော အသည်းအသက်နွေဦးငယ်လေးက ည ၁၂ နာရီ ထိုးကတည်းက ဖုန်းဆက်ပြီး Happy birthday ဟုဆိုကာ Birthday wish လုပ်ပေးပြီးသား ... ပြီးတော့ မနက် ၁၀ နာရီကျရင်လဲ ကန်တော်ကြီးထဲမှာ date ကြမယ်ဆိုသောကြောင့် သွေးခန့်မှာ ချစ်သူလေးနဲ့ တွေ့ဖို့ ပြင်ဆင်ရသည်။

အပြင်သွားဖို့ အတွက် ပြင်တာဆင်တာတွေသာ လုပ်နေရတာ သွေးခန့် စိတ်ထဲမှာ ဆူပုပ်ပုပ် ... ကန်တော်ကြီးကို တူတူသွားဖို့ လာခေါ်မယ်ဆိုတာကို နွေဦးငယ်လေးက လက်မခံ ... ကန်တော်ကြီးထဲက Bamboo မှာ စောင့်နေမယ်သာ ပြောသည်။ သွေးခန့်လဲ အပြင်သွားဖို့ အဆင်သင့်ဖြစ်တော့ ကိုးနာရီတောင် ထိုးနေပြီ ... နွေဦးငယ်ထက် စောရောက်နေလဲ အရေးလားလို့ တွေးလိုက်ပြီး မေ့ကို နှုတ်ဆက်က သွေးခန့်ကားယူပြီး ကန်တော်ကြီးဘက်ကိုသာ ထွက်ခဲ့လိုက်တော့သည်။

သွေးခန့် ကန်တော်ကြီးထဲကို ရောက်တော့ ကား packing သေချာထိုးပြီးတာနဲ့ Bamboo ဘက်ကို ပြေးရတော့သည်။ ကား packing နဲ့ Bamboo က သိပ်မဝေးတာမလို့ အရမ်းတော့ သွားစရာမလို့ ... ဆိုင်ထဲကို ရောက်တော့ သွေးခန့်ရဲ့ နွေဦးငယ်လေးက လွဲလို့ ကျန်တဲ့ လေးယောက်ကတော့ မှန်ပြတင်းပေါက်တွေ ကာထားတဲ့ဘေးက ဝိုင်းမှာ စားနေသောက်နေလိုက်ကြတာက တဖြဲနဖြဲ ... နွေဦးငယ်လေးကိုတော့ လုံးဝမတွေ့ ... Tiolet သွားတာ နေမှာပါလို့သာ တွေးပြီး သွေးခန့်လဲ အငတ်လေးကောင် ထိုင်နေတဲ့ ဝိုင်းဘက်ကိုသာ လျှောက်ခဲ့လိုက်တော့သည်။

'ဟဲ့ သွေးခန့်ရယ် ကြာလိုက်တာဟာ ငါတို့ စားနေတာတွေတောင် ကုန်တော့မယ်´

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now