Part 17(Zawgyi&Unicode)

6.7K 688 26
                                    

[Zawgyi]

'ခုလောက်ဆို မင်းပြောလို့ ရပြီလား ကိုခန့် ဒီမှာ ဘယ်သူမှ မရှိဘူး မင်း ပြောစရာရှိတာပြောလို့ရတယ်'

မနက်စာစားပြီးရင် သွေးခန့်က ပြောစရာရှိတယ် ဆိုလို့ ကန်တော်ကြီး ထဲက ထင်းရှူးတော ဘက်ကို နှစ်ယောက်သား ထွက်ခဲ့ကြသည်။ သွေးခန့်ပုံစံက အေးအေးဆေးဆေး ပြောချင်နေတဲ့ပုံကြောင့် နားအေးပါးအေးနဲ့ လူမရှုပ်တဲ့ ထင်းရှူးတောထဲမှာ ပြောကြရန် ရွေးချယ်လိုက်ခြင်း ... ထင်းရှူးတောထဲ ရောက်ရောက်ချင်း မင်းမြတ်က စကားစလိုက်တာကြောင့် သွေးခန့်က သက်ပြင်း တစ်ချက်ချရင်း ...

'ကိုယ် ကိုမြတ်ကို ပြောစရာရှိတယ် ဆိုတာ ဟုတ်တယ် အလေးအနက်နားထောင်ပေးမယ်မလား'

မင်းမြတ်ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သွေးခန့်က ပြောလာတာကြောင့် မင်းမြတ်ဘာမှ ပြန်မဖြေပဲ ခေါင်းသာ ငြိမ့်ပြမိသည်။

'ကိုမြတ် မစေ့စပ်လို့ မရဘူးလား'

'ဘာပြောတယ် ငါ့ဘာသာစေ့စပ်တာ မစေ့စပ်တာက မင်းနဲ့ ဘာဆိုင်လို့လဲ မင်းပြောခွင့်ရှိလား'

မိဘတွေ စီစဉ်တာမလို့ မင်းမြတ်တောင် မငြင်းပဲ လက်ခံထားတာကို အပြင်လူ သွေးခန့်က လာတားနေတော့ နည်းနည်းစိတ်ကသိကအောက် ဖြစ်ရသည်။ မိမိစေ့စပ်ခြင်း မစေ့စပ်ခြင်းက သူငယ်ချင်းဖြစ်နေတဲ့ သူနဲ့တော့ လုံးလုံးမသက်ဆိုင် ...

'ကိုမြတ် !!!'

မင်းမြတ် နာမည်ကို သွေးခန့်က ခပ်ဆောင့်ဆောင့်အော်ပြီး ပုခုံးနှစ်ဖက်ကို အားနဲ့ ဆွဲကိုင်လာသည်။ ဘာဒေါသထွက်စရာရှိလို့လဲ ဒီကိစ္စက ...

'သွေးခန့် ! အ ... ငါ့ ပုခုံးကိုလွှတ် ငါ့ ပုခုံးနာနေပြီ လွှတ်စမ်း'

'ကိုမြတ် ! ... ကိုမြတ်လို့ '

သွေးခန့်လက်တွေနဲ့ အားထည့်ပြီး ဆုတ်ကိုင်ခံထားရတဲ့ မင်းမြတ် ပုခုံးနှစ်ဖက်က တကယ် နာလာတာမလို့ လွှတ်ခိုင်းတော့ သွေးခန့်က မလွှတ်တဲ့ အပြင် အားကိုထည့်ပြီး မင်းမြတ် နာမည် ကိုသာ တွင်တွင်ခေါ်နေသည်။

'မလွှတ်ဘူး ကိုမြတ် ခင်ဗျား အဲ့လောက် တုံးအနေတာလား ကိုယ် အခု ပြောမှာ သေချာနားထောင်'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now