ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁)

39.4K 1.1K 29
                                    

#Unicode

အအိပ်မက်တဲ့ ယွန်းတစ်ယောက်
နှိုးစက်သံကြောင့်
နိုးထရတဲ့မနက်တိုင်းကို
တခါမှ မငြိုငြင်ခဲ့ပါ

မငြိုငြင်ဆို သူ့ရဲ့အသည်းကျော်
ကျောင်းသွားတာကို
မနက်တိုင်းထကြည့်ဖို့က
သူ့ရဲ့ သမိုင်းပေးတာဝန်တခုလို
ဖြစ်နေသည်ကိုး

10တန်းအောင်ပြီးခါစ
ယွန်းတစ်ယောက်ကတော့
အလုပ်မရှိအကိုင်မရှိ မမကိုသာနှာဘူးထဖို့
တနေ့တနေ့ တွေးနေတော့သည်😂

နှာဘူးထတယ်ဆိုတိုင်း
ပေါ့ပျက်ပျက်တော့မထင်ကြစေလို
ယွန်း မကိုချစ်လာတာ
ဟိုးးးး ငယ်ငယ်လေးကတည်းက
ငယ်ငယ်ကတော့ အနေအေးလွန်းတဲ့
မ ကို အစ်မတစ်ယောက်လို
ချစ်တယ်ထင်ခဲ့ပေမဲ့
သိတတ်လာတဲ့အချိန်ကစ
မ ဟာနှလုံးသားထဲမှာ အမြစ်တွယ်နေပြီး
528‌ မေတ္တာနဲ့မဟုတ်ဘူးဆိုတာ
ပိုပိုသေချာလာခဲ့တယ်

အိပ်ယာထ ရေမိုးချိုးပြီး
မ ကျောင်းသွားချိန်နီးလာတော့
အိမ်ရှေ့ကနေ ထိုင်စောင့်နေလိုက်တယ်

လာပါပြီ ကိုယ့်အသည်းကျော်လေး
ဒီနေ့လဲ အပြာနုရောင်ဝမ်းဆက်လေးနဲ့
လှချင်းတိုင်းကို လှနေတဲ့ မမ
တနေ့တနေ့ မ ကျောင်းမှာ
ရည်းစားမရပါစေနဲ့လို့
အိမ်ကဘုရားစင်ရှေ့ ဖင်ဘူးထောင်းထောင်
ဆုတောင်းရတာလဲအမောပါပဲ

အသည်းကျော်လေး အိမ်ရှေ့ကနေ
ဆိုင်ကယ်နဲ့ ဖြတ်သွားတာကို
ငေးကြည့်ပြီးတဲ့ တာဝန်ပြီးသွားတော့
ညနေကျ စည်သူ့ဆီသွားလည်ဖို့
စဉ်းစားထားလိုက်သည်
စည်သူဆိုတာ တခြားသူတော့မဟုတ်
မမရဲ့ တစ်ဦးတည်းသောမောင်
ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်း

သိမ့်ကျောင်းကပြန်လာတော့
စပ်စလူးမလေးက အိမ်ကိုရောက်နေပြန်သည်
စည်သူနဲ့စကားတွေပြောရင်း
ကိုယ့်ကိုမြင်တော့ ချက်ချင်းသွားလေးဖြီးကာ

"မမ ကျောင်းကပြန်လာပြီလား"

"အင်း ညီမလေး အိမ်လည်လာတာလား"

"ဟုတ်ကဲ့ မမ စည်သူနဲ့လဲ
မတွေ့ရတာကြာလို့လေ"

"ဟဲ့ ဘာကြာတာလဲ မနေ့ကမှညည်းနဲ့
မုန့်သွားစားသေးတယ်လေ အမလေး"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now