အပိုင်း (၂၉)

8.9K 690 24
                                    

#Unicode
ထမင်းလဲမစား အရင်လို
သွက်သွက်လက်လက်လဲ
မဖြစ်တော့တဲ့ သမီးဖြစ်သူကိုကြည့်ကာ
စိတ်ထဲမှာတော့ တော်တော်ကို
စိတ်မကောင်းဖြစ်နေရတာပါ ဒါပေမဲ့
ဒီစိတ်ကိုအပြင်ကို ပြလို့တော့မဖြစ်
ခုပြဿနာက ဒီလိုမှမတားရင်
မဖြစ်သင့်တာတွေ ဖြစ်လာတော့မှာ
သူ့အဖေသိရင်လဲ ရိုက်လား‌ထောင်းလားတွေ
ဖြစ်မှာစိုးတာနဲ့ တစ်ယောက်ထဲပဲ
သမီးဖြစ်သူကို ချော့လိုက်ခြောက်လိုက်

ဒီပြဿနာကို သားကြီးနဲ့တော့
တိုင်ပင်မှ ဖြစ်မယ်လို့တွေးကာ
ဖုန်းဆက်ပြီး ဖြစ်ကြောင်းကုန်စင်
ပြောပြလိုက်တော့
"သားသိပြီးသားပါ မေမေ"

"ဟင် သားသိတာလား"

"ဟုတ်တယ်မေမေ ဒီပြဿနာတွေကိုတော့
ခုမှသိရပေမဲ့ ညီမလေးက Lesbianဆိုတာ
ပြီးတော့ဘယ်သူနဲ့ချစ်နေတယ်ဆိုတာ
သားနည်းသားဟန်နဲ့ သိပြီးသားပါ"

"အဲ့ဒါမေမေတို့ကို ဘာလို့
မပြောခဲ့တာလဲ"

"ခုလိုပြဿနာတွေဖြစ်ပြီး
ညီမလေးကို တဇွတ်ထိုးလုပ်မှာ
စိတ်ပူလို့ပါ ခုလဲသူ့ကို
အရမ်းမဆူပါနဲ့တော့ မေမေရယ်
သားလဲဖုန်းဆက်ပြီး ဖျောင်းဖျလိုက်ပါ့မယ်"

"ပြောပြပါဦးသားရယ်
ခုထမင်းလဲမစားဘူး
မေမေ့ကိုလဲစကားမပြောဘူး
မေမေဆူနေပြောနေရတာတွေက
သူ့အတွက်ပါ"

ကောင်းမြတ်စံ ညီမဖြစ်သူကို
ဖုန်းခေါ်ဖို့ ရွယ်လိုက်ပြီးမှ
ငါကညီမလေးရဲ့အချစ်ကို
တားရမှာလား ဒါမှမဟုတ်
ကူညီရမှာလားးး သိမ့်ဒီမြို့ကနေ
ပြန်သွားပြီးတည်းက သူပြောသွားတာ
အမှန်တွေလား အမှန်တွေဆို
သူ့ချစ်သူကဘယ်သူလဲဆိုတာ
စုံစမ်းကာအားလုံးသိထားပြီးသားပါ
ကိုယ့်ညီမလေးက ချစ်နေရသူဆိုတော့
နောက်ဆုတ်ဖို့ ပိုသေချာသွားတာနဲ့
သိမ့်အကြောင်း မေ့ထားတာတောင်ကြာပြီ

ခုလိုအခြေအနေဖြစ်လာဝောာ့
ကလေးသာသာ အချစ်ကြီးနေတဲ့
ညီမလေးအတွက် ဘာလုပ်ပေးရမလဲ
အိမ်ပြန်လမ်းတလျှောက်လုံး စဉ်းစားလာခဲ့သည်

မမအရိုက်ခံရတယ်ဆိုတာ
ယွန်းစည်သူ့ဆီက ပြန်ကြားပြီးတည်းက
ကိုယ့်အတွက်ကိုယ် ငိုရမှာထက်
မမအတွက်ငိုနေမိတယ် မမမှန်တယ်
မမယွန်းကိုဒီထက်ပိုရက်စက်သင့်တာ
မမတို့မိသားစုရော မမပါစိတ်ဆင်းရဲနေရတာ
အားလုံးယွန်းကြောင့်ပဲ မိသားစုကို
အရမ်းအလေးထားတဲ့ အရမ်းလိမ္မာတဲ့
မမက ခုယွန်းကြောင့်အရိုက်လဲခံရတယ်
ပြဿနာတွေလဲတက်ရတယ်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now