ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၃)

12.2K 842 7
                                    

#Unicode
ဒီနေ့က သိမ့်မွေးနေ့မို့
မနက်စောစော ဘုရားသွားဖို့
မောင်ဖြစ်သူကိုပြောထားသော်လဲ
အိပ်ရာကမထသေးလို့
သွားနှိုးရဦးမည်၏

"စည်သူ မောင်လေး ထလေဟာ"

"ဟာ ဘာလဲ မမရာ
ကျောင်းပိတ်ရက်လေး
အိပ်ကောင်းနေတာကို"

"ဟဲ့ နင့်ကိုငါ ဘုရားသွားဖို့
ညတည်းက ပြောထားတာလေ"

သိမ့်ပြောလိုက်မှ စည်သူသတိရသွားပြီး

"အာ ဟုတ်သားပဲ ငါမေ့နေတာ
ယွန်းကိုပါခေါ်ထားသေးတယ်
သူ့ဆီဖုန်းဆက် ရေချိုးပြီး
လာခဲ့မယ် ခဏစောင့်"

"ဟိုစပ်စလူးမလေးလား
ဘာလုပ်ဖို့ ခေါ်ထားတာလဲနင်ကလဲ
ရှုပ်ရှုပ်ယှက်ယှက်"

"ငါ့သူငယ်ချင်းကိုများ စပ်စလူးတဲ့
အဲ့ဒါငယ်ငယ်ကပါဟာ
ယွန်းကခုဆို တည်ငြိမ်ပြီး
ဘယ်လောက်လှနေလိုက်လဲ
ကျောင်းတက်တာတောင် ခဏပဲရှိသေး
ကျောင်းမှာ ဘယ်လောက်နာမည်ကြီးနေလဲ
နင်မသိဘူးလား"

"မသိဘူး ငယ်ငယ်လေးထဲက
သူ့ကစပ်စလူးလေးဆိုတော့
ခုလဲငါက သူ့ကိုမြင်ရင် အဲ့လိုပဲဖြစ်နေတယ်"

"ဒါနဲ့မမ နင်ယွန်းကိုဘယ်လိုမြင်လဲ"

"ငါက ဘယ်လိုမြင်ရမှာလဲ"

"သူကမလှဘူးလား"

"အင်း လှတော့လှလာပါတယ်
ငယ်ရုပ်ပြောင်းသွားတယ်
ကဲပါ မြန်မြန်လုပ်
သူလိုက်မှာဆိုလဲ ငါတို့သွားမဲ့အချိန်
ပြီးအောင်လုပ်ထားလို့ ပြောလိုက်"

"အဲ့ဒါ‌တော့စိတ်ချ လိုက်ချင်လွန်းလို့
ခုတောင် ထိုင်စောင့်နေလောက်ပြီ"

သိမ့်အခန်းထဲက ပြန်ထွက်သွားချိန်
စည်သူဖုန်းဆက်ကြည့်လိုက်တော့
ငတိမယွန်းက တကယ်ကို ထိုင်စောင့်နေပြီတဲ့

"ခုထိမလာ‌သေးတာ
အိပ်ပုတ်စည်သူကြောင့်ကိုး
ဒီကတွေ့ချင်နေပါပြီဆိုမှ
ဒီငနာစုတ်ကတော့
စောစောမထဘူး"

တစ်ယောက်တည်းရေရွတ်ရင်း
လက်ဆောင်လေးကိုင်ကာ
ဆက်‌စောင့်နေလိုက်သည်

နာရီဝက်လောက်ကြာတော့
မောင်နှမနှစ်ယောက် ဆိုင်ကယ်နဲ့
ရောက်လာပြီး

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now