အပိုင်း (၃၃)

11.3K 792 72
                                    

#Unicode
ဆူဆူညံညံအသံတွေကြောင့်
နိုးလာကာကြည့်လိုက်တော့
နားကြပ်လဲမတပ် ဂိမ်းသံကိုလဲ
မတိုးပဲထိုင်ဆော့နေတဲ့ ယွန်း
ထမင်းထုတ်ဟင်းထုတ်ကို
လှမ်းကြည့်တော့လဲ ထိုအတိုင်းပင်
နာရီဖွင့်ကြည့်တော့ ၁၀နာရီပင်
ထိုးနေပြီ သိမ့်စိတ်ကတိုလာကာထလိုက်ပြီး

"ယွန်းဘယ်လိုဖြစ်လို့ ဒီဂိမ်းပဲထိုင်ဆော့နေတာလဲ"
သိမ့်ပြောနေပေမဲ့ အရေးမလုပ်တော့
ကုတင်ပေါ်ကဆင်းကာ ဖုန်းကိုဆွဲယူလိုက်ပြီး

"ဘယ်လိုဖြစ်နေတာလဲ ဒါကအသံလုံခန်းလေ
ဂိမ်းသံအဲ့လောက်ဖွင့်ရင် တခြားသူ
ဘယ်လိုအိပ်လို့ရတော့မှာလဲ"

"အိပ်မရအောင်ပဲ လုပ်တာပဲကို"
အမှန်တကယ်လဲ ယွန်းမမကိုနိုးအောင်
လုပ်လိုက်ခြင်းပင် ဒီကတော့
သူ့ကြောင့် ဘာမှစားမရပဲ ဗိုက်တွေဆာနေတာကို
သူကတော့ အေးအေးဆေးဆေးအိပ်လို့

"ဘာဖြစ်နေတာလဲ ပြော
ညနေတည်းက ပြောနေတာကျ
တစက်မှဂရုမစိုက်ပဲနဲ့"

"မမက ယွန်းကိုဂရုမစိုက်တာလေ"
ယွန်းပြောရင်း ဝမ်းနဲနေတဲ့အခံနဲ့
ငိုချလိုက်မိတော့ သိမ့်လဲပြောတာ
လွန်သွားပြီလားဟု သနားသွားကာ
ယွန်းနားသွားထိုင် မျက်ရည်တွေသုတ်ပေးပြီး

"မငိုနဲ့နော် အစ်မပြောတာလွန်သွားရင် Sorryပါ
ထမင်းကရော ဘာလို့မစားတာလဲ
နေ့လည်ကလဲ ကောင်းကောင်းမစားပဲနဲ့"

"မမမှ မကျွေးတာ"

"ဒါဆိုအခုကျွေးမယ် စားလိုက်"
ထမင်းထုတ်တွေကို ပန်းကန်ထဲပြောင်းထည့်ကာ
ဇွန်းတပ်ပြီး ရှေ့ကိုချ‌ပေးလိုက်တော့မှ

ထပ်ထွက်နေတဲ့ မျက်ရည်တွေကို
သူ့လက်နဲ့သူခပ်ကြမ်းကြမ်း ဆွဲသုတ်လိုက်ကာ
"ဗိုက်ဆာနေတာ "ဟုဆိုပြီး ထမင်းတွေကို
ကော်ကော်စားနေတဲ့ ကလေးလေးကိုကြည့်ကာ
သက်ပြင်းတချက် ချလိုက်မိသည်

"စားပြီးရင် အိပ်တော့
ဂိမ်းထပ်မဆော့တော့နဲ့"

"မမလုပ်လို့ ယွန်းAFKထိသွားပြီ
ကြယ်လဲပြုတ် အမှတ်လဲလျော့တော့မယ်"

ဂိမ်းမဆော့သူမို့ ကလေးပြောတာကို
သိမ့်တခုမှနားမလည်ပေမဲ့ ကိုယ်က
ဆွဲယူထားမိတာဆိုတော့

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now