အပိုင်း (၂၇)

12.1K 644 31
                                    

#Unicode
ယွန်း အဝတ်တွေရေစိုသွားတာနဲ့
မမ အင်္ကျီတွေပဲ ယူဝတ်ထားလိုက်ရသည်

"ကလေး မ လည်ပင်းမှာ
Markingရာတွေထင်သွားပြီ
ဘယ်လိုလုပ်မလဲ"

"ဟုတ်သားပဲနော် သုံးကွက်တောင် ဟီးးးး"

"ရယ်မနေနဲ့ အရူးလေးရဲ့
ဒီမှာ အင်္ကျီဖုံးလဲ မလုံဘူး
ဘယ်လိုလုပ်ရမလဲလို့"

"မိတ်ကပ်လေးနဲ့ ဖုံးလေ မ ရဲ့"

"သူကျ အိမ်ကိုကောင်းကောင်းပြန်လို့
ဒီကတော့ မမြင်အောင်ဖုံးရမှာနဲ့
အလုပ်ကပိုရဦးမယ်"

မ နှုတ်ခမ်းလေးဆူပြီးပြောတာကို
မြင်ရခဲတာမို့ ယွန်းရင်တွေခုန်လာရပြန်တယ်

"Arbwrr😘"
မရဲ့ပါးလေးကို အာဘွားလှမ်းပေးပြီးတော့

"ယွန်းကပြန်တောင် ပြန်ချင်တော့ဘူး မ ရယ်
ဖြစ်နိုင်ရင် နေ့ရောညရော
မ နဲ့သာ အတူတူနေလိုက်ချင်တော့တယ်"

"ကလေးနော် လောဘက
တဖြည်းဖြည်း ကြီးမလာနဲ့
ကလေးကျောင်းပြီးမှ အဲ့ဒါကဖြစ်နိုင်မှာ"

"ကျောင်းပြီးမှဆို နောက်သုံးနှစ်တောင်လိုသေးတယ်လေ"

"အင်းလေ ကလေးကခုမှ
18ထဲ ဝင်ရုံရှိသေးတာကို
မ ဒီလောက်အလိုလိုက်ပေးထားတာတောင်
လွန်နေပြီ"

"ဟူးးးး ဒီအသက်နဲ့ပဲ လူကိုကလေးဆိုပြီး
အမြဲပြောနေတယ် လူကြီးဖြစ်ပြီဆိုတာ
ခုဏလေးကပဲ သက်သေပြခဲ့တာကိုနော်
ဘာလဲမယုံသေးဘူးလား ခုတခေါက်
ထပ်ပြရဦးမလား"

ပြောလဲပြော အပေါ်ကနေ
အုပ်မိုးလာတဲ့ယွန်းနဖူးကို
လက်သီးနဲ့ ထုလိုက်ပြီး

"တခါတည်းပြောထားမယ်နော်
ခုဏကသာ ချစ်လွန်းလို့
အလိုလိုက် လိုက်တာ ခဏခဏ
မတောင်းဆိုနဲ့"

"မ ကလဲ"

"မလဲနဲ့ ဒီအဝတ်အစားနဲ့ အိမ်ကိုပြန်လို့
ဖြစ်ပါ့မလား ကလေးမေမေမေးနေရင်
ဘယ်လိုဖြေမလဲ"

"ဖြစ်ပါတယ် မ ရဲ့ မေးတော့လဲ
ဒီလိုပဲ ရွှီးရှောင်ပေါ့ ဟဲဟဲ"

"ရုပ်လေးကိုက"

🎼🎼📱ငယ်သေးတဲ့ အချစ်မို့မလေးစားတာလား
ပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ
ကျွန်တော်သာ အသိပါ📱🎼🎼

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now