ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၃)

12.5K 813 26
                                    

#Unicode
ယွန်းဆေးရုံမှာ သုံးရက်နေပြီး
စိတ်ချရသလောက် သက်သာတော့
ဆင်းခွင့်ရသွားသည်

"အိမ်ပြန်ရောက်မှ
နေလို့ကောင်းတော့တယ် မေမေရယ်
ဆေးရုံမှာ နေရတာ မွန်းကြပ်သလိုကြီး"

"မွန်းကြပ်တယ်ဆို
နောက်တခါမဖြစ်အောင်
အစားပုံမှန်စားပြီး
ဂရုစိုက်နော် ညီမလေး
ကိုကိုကပြန်တော့မှာဆိုတော့
ငါ့ညီမလေးကို ဂရုစိုက်ပေးလို့
မရတော့ဘူး"

"ဟုတ်ကဲ့ပါ ကိုကိုရဲ့
ယွန်း ဂရုစိုက်ပါ့မယ်
ကိုကိုပြန်သွားရင် လွမ်းနေရဦးမယ်
ဒီမှာပဲ ဖေဖေ့အလုပ်ကို
လိုက်လုပ်ရင် ရနေတာကို
ကိုကိုကအဝေးမှာ သွားလုပ်နေတယ်"

"စီးပွားရေးလုပ်လို့ကောင်းတဲ့
နေရာ ရှာလုပ်ရတာပဲလေညီမလေးရဲ့
ကိုကိုအလုပ်လုပ်နေတာကလဲ
မေမေတို့ ညီမလေးတို့
လိုလေသေးမရှိ နေရအောင်
လုပ်နေတာပါ"

"မေမေနဲ့ ညီမလေးက
ဖေဖေရှိရုံနဲ့ အဆင်ပြေပါတယ်
ကိုကိုသာ ချစ်သူလေးဘာလေးရှာဦး
ယွန်းလဲ အစ်မတစ်ယောက်လိုချင်တယ်
မေမေတို့လဲ မြေးချီချင်နေပြီတဲ့
ဟုတ်တယ်နော် မေမေ"

ယွန်း အကိုကိုချစ်သူရှာခိုင်းတာ
ထောက်ခံသူ လှမ်းရှာနေသေး

"ဟုတ်ပါ့ သမီးကိုကိုဂေါ်မစွံကြီးကို
မေ့သမီးလေးပဲ ပြောလိုက်ပါတော့"

သားမိသုံးယောက် ဧည့်ခန်းမှာ
စကားထိုင်ပြောနေတုန်း
ဖေဖေပါရောက်လာသည်

"ချစ်သူရှာဆိုလို့ ဖေဖေပြောဦးမယ်
သားရော သမီးရော
ဖေဖေအမြဲ ဆုံးမနေသလိုပဲ
ကိုယ်တကယ်သဘောကျတဲ့သူ
ချစ်ရသူ တွေ့လာရင်
ဖေဖေတို့မေမေတို့ကို ပြောပြ
မိတ်ဆက်ပေးကြနော်
အဲ့လိုကိုယ့်လက်တွဲဖော် ရှာတဲ့အခါမှာလဲ
ကိုယ့်မိဘနဲ့ရော ပတ်ဝန်းကျင်နဲ့ရော
မိတ်ဆက်ပေးရတဲ့အခါ
မော်မော်ကြွားကြွားနဲ့
မိတ်ဆက်ပေးရတဲ့လူပဲ
ဖြစ်ပါစေလို့ ဖေဖေမှာချင်တယ်"
(Authorရဲ့ မိဘတွေ
အမြဲဆုံးမနေတဲ့ စကားလေး)

"စိတ်ချပါ ဖေဖေ
ဖေဖေ မေမေတို့အတွက်
အဆင်ပြေတဲ့ ချွေးမပဲ
သားရှာမှာပါ"

ကိုကိုက ချက်ချင်းထပြီး
ဖြေလိုက်ပေမဲ့
ယွန်းကတော့ မဖြေနိုင်ပဲ
နှုတ်သာဆိတ်နေမိတယ်
အဲ့အချိန် မမမျက်နှာကိုသာ
မြင်ယောင်ကာ သက်ပြင်းမချမိအောင်
မနဲထိန်းနေရသည်
ယွန်းအတွက်ကတော့ ဒီတသက်
မမကလွဲ ဘယ်သူ့ကိုမှ
မချစ်နိုင်တော့ဘူးဆိုတာ
အသေအချာပါပဲ

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now