အပိုင်း (၃၂)

10.5K 790 56
                                    

#Unicode
ဒီကလေး အိပ်ရာနိုးထဲက
ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာတွေ
ပျော်စရာရှိနေလဲမသိဘူး
ခါတိုင်းဆိုအိပ်ရာနိုး မျက်နှာသစ်ပြီး
သင်တန်းက စာလုပ်ရင်လုပ်
မဟုတ်ရင် ဂိမ်းထိုင်ဆော့နေတာ
ဒီမနက်ကျ သီချင်းတအေးအေးနဲ့
မျက်နှာချင်းဆိုင်မိရင်လဲ မျက်လုံးလေး
မှိတ်ပြီး ပြုံးပြနေသေးးးးး

"မမ"
သိမ့်တွေးနေတုန်းပဲ ဘေးနားလာရပ်ပြီး
ခေါ်လိုက်တော့

"အင်း"

"ဒီနေ့လေ ယွန်းသင်တန်းမရှိဘူး
အဲ့ဒါ မမလဲလုပ်စရာမရှိရင်
တနေရာရာလျှောက်လည်ရအောင်လေ"

ကိုယ့်ကိုမရှိန်တော့ပဲ ခါတိုင်း
သူငယ်ချင်းကိုစကားပြောသလို
လာပြောကာ လျှောက်လည်ဖို့ခေါ်နေတဲ့ကလေး
ပြီးတော့ခေါ်တာကလဲ မမသိမ့်မဟုတ်တော့ပဲ
မမတဲ့ ဒီကလေးဘာဖြစ်နေပါလိမ့်....

"ဘယ်ကိုသွားမှာလဲ"
သိမ့်လှည့်မကြည့်ပဲ ကျောပေးရက်နဲ့တင်
ပြန်မေးလိုက်တော့

"မမသွားချင်တဲ့ နေရာသွား
ယွန်းလိုက်ပို့ပေးမယ်"

"သွားချင်တာရယ်တော့ မရှိပါဘူး"

"ဒါဆို ယွန်းသွားချင်တဲ့နေရာကို
လိုက်ခဲ့လေ နော်မမ"

"ဘယ်ကိုလဲ"

"တိုင်းရင်းသားကျေးရွာသွားချင်တာ
သန်လျင်နားက"

"အဲ့ကိုက ဝေးတယ်မလား"

"အင်း နဲနဲဝေးလို့မသွားဖြစ်ဘူးဖြစ်နေတာ
အဲ့ဒါခုသွားချင်လို့ မမလိုက်ခဲ့ပေးပါနော်"

"သူသွားချင်တာကို အဖော်မရှိလို့ခေါ်တာကိုး"

"ဟုတ်ပါဘူးနော် မမကလဲ
မမနဲ့အတူတူသွားချင်လို့ဟာကို"

"ဘာလို့အတူတူသွားချင်တာလဲ"

"အဲ......အဲ့တာက"
သိမ့်လှည့်ကြည့်လိုက်တော့
ခေါင်းလေးကုတ်ကာ ရှုံ့မဲ့မဲ့လေးနဲ့

"မမက သွားချင်ဘူးလားဟင်"

"အဖော်မရှိဘူးဆိုလဲ လိုက်ခဲ့ပေးပါ့မယ်"

"မမ တကယ်နော် တကယ်လိုက်မှာနော်
ရေးးးးးးးး ဒါဆိုယွန်းရေချိုးတော့မယ်
မမလဲအတူတူချိုးမယ်လေ"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now