ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၇)

12.5K 789 28
                                    

#Unicode
သိမ့် ဘေးဘီကိုကြည့်ပြီး
ပြန်မှေးမယ်အလုပ်
ကလေးကလက်ကို
လာကိုင်လိုက်တော့
လန့်သွားရသည်

"ဟင် ကလေး"

လန့်ပြီး ကလေးလို့လဲ
ယောင်ထွက်သွားပြန်တယ်
သေလိုက်တော့ သိမ့်သိမ့်ရေ😣

ကလေးကတော့ ဘာမှမထူးဆန်းတဲ့
မျက်နှာနဲ့ ကိုယ့်ကိုမော့ကြည့်ကာ

"ယွန်း ရှူးပေါက်ချင်တယ်"

ကလေးလို့ခေါ်လိုက်တာကို
အိပ်ချင်မူးတူးမို့ မကြားလိုက်တာလား
သိမ့်ခိုးနမ်းမိတာကိုရော
မသိလောက်ပါဘူးနော်

"မမ ယွန်းရှူးပေါက်ချင်တယ်လို့"

"ဟင် အင်းခဏလေးအောင့်ထားဦးနော်
ကားနားတော့မှာ"

"ဟုတ်"

ဟုတ် ဟုသာပြန်ပြောပြီး
သိမ့်လက်ကို ဆုပ်ကိုင်ထားကာ
သိမ့်ပုခုံးပေါ် ပြန်အိပ်သွားပြန်တဲ့ကလေး
ဟူးးး တော်ပါသေးတယ်
ကလေးလို့ခေါ်တာလဲ သတိမထားမိပဲ
ခိုးနမ်းတာလဲ မသိလို့
သိမ့်မှေးနေတုန်းမှာပဲ

"အပေါ့အပါးသွားဖို့ ကား
15မိနစ်လောက် နားပေးပါမယ်ခင်ဗျာ"

"ယွန်း ညီမလေး ကားနားပြီထတော့"

"ဟုတ်"☺️

မော့ကြည့်ပြီး မျက်လုံးလေးကမဖွင့်ပဲ
ကိုယ့်ကိုပြုံးပြနေတဲ့ ကလေးလေး
ဒီကလေးကတော့နော် သိမ့်အူယားတိုင်းသာ
စိတ်ရှိလက်ရှိ ဆွဲညှစ်လိုက်လို့ကတော့
အီအီးတွေ အတောင့်လိုက်ထွက်လာမယ်😄

သိမ့်အတွေးနဲ့အတူ လက်ကလဲ
ယွန်းနှာခေါင်းဆီ ရောက်သွားပြီး

"ရှူးပေါက်ချင်လို့ဆို ထတော့လေ
တလမ်းလုံးလဲ အိပ်တာကို
အိပ်ရေးမဝသေးဘူးလား"

သိမ့်နှာခေါင်းကို ညှစ်လိုက်မှ
မျက်လုံးပွင့်လာပြီး

"ဟီးဟုတ်တယ် မ ပခုံးပေါ်အိပ်ရတဲ့
Feelingက ဘာနဲ့မှမလဲနိုင်အောင်
ကောင်းလွန်းတယ် ဖြစ်နိုင်ရင်
ဒီကားပေါ်မှာသာ တသက်လုံး
အချိန်ဖြုန်းလိုက်ချင်တယ်"

"ကဲ စကားပြောရင်
မဟုတ်တာက ပါလိုက်ရမှ"

"ဒီနှစ်ယောက် မဆင်းတော့ဘူးလား
တော်တော် ကြည်နူးနေကြတယ်လား"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now