ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၄)

9.2K 659 15
                                    

#Unicode
ယွန်းမြို့ထဲက ပြန်ရောက်တော့
မမဆီကို ဖုန်းမဆက်ပဲ
တန်းထွက်လာခဲ့သည်

"ယွန်း ငါ့ဆီလာတာလား"

"ဟုတ်ဘူးလေ မမဆီလာတာ
ငါမြို့ထဲက မုန့်နဲ့စကုပ်လေး
ဝယ်လာလို့ လာပေးတာ"

"နင်မသိဘူးလား
ဖွားဖွားနေမကောင်းလို့
ခုနကပဲ မေမေနဲ့သွားပြီလေ
မပြောသွားဘူးလား"

"ဟင်"
ယွန်းရုတ်တရက်ငိုင်သွားပြီး

"အေးဟာ ပြောတောင်မပြောသွားဘူး
မေမေပါတယ်ဆိုလဲ အနဲဆုံးတော့
မက်စေ့လေး ပို့ပြီးပြောလို့ရပါတယ်
မမက အဲ့အတိုင်းပဲဟာ"

"ရောက်မှပြောရင်လဲ ပြောမလို့
နေမှာပေါ့ယွန်းရယ် ပြီးတော့
သိပ်မကြာပါဘူး တပတ် ၁၀ရက်လောက်ပဲ"

"တပတ် ၁၀ရက်က မကြာတာလား
နင်ကိုယ်ချင်းမစာ အဲ့လိုမပြောပါနဲ့"

"ငါကိုယ်ချင်းမစာလို့
ပြောတာမဟုတ်ပါဘူး
နင်စိတ်ညစ်နေမှာစိုးလို့
သွားတာ ခဏပါ ပြန်လာရင်
တွေ့လို့ရတာပဲ ပြောတာပါ"

"ငါပြန်တော့မယ်ဟာ
ရော့ ဒီမုန့်နင်ပဲစားလိုက်တော့"

ယွန်းမျက်နှာမကောင်းပဲ
ပြန်ထွက်သွားတော့ အစ်မဆီ
ဖုန်းလှမ်းဆက်လိုက်သည်

"ဟလို အစ်မရောက်ပြီလား"

"မရောက်သေးဘူး အငယ်ကောင်
ရောက်တော့ရောက်တော့မယ်"

ဖုန်းထဲကပြောတာဆိုပေမဲ့လဲ
ဘေးနားမှာ မေမေရှိလို့စည်သူအသံတိုးကာ

"ရောက်ရင် ယွန်းကိုဖုန်းခေါ်လိုက်ဦး
စောကအိမ်ရောက်လာတယ်
နင်မပြောသွားလို့ စိတ်ကောက်နေပြီ"

သိမ့်လဲ ကားပေါ်ကဆင်းပြီး
ဆေးရုံကိုတန်းသွား ဖွားဖွားကို
ပြုစုပေး ကြီးကြီးတို့နဲ့စကားပြောနဲ့ပဲ
အိပ်ချိန်မှသာ ဖွားဖွားအိမ်ကိုရောက်တယ်

ရောက်ရောက်ချင်းရေချိုးပြီး
အိပ်တာကလဲ မေမေနဲ့အိပ်ရမှာမို့
ဖုန်းဆက်ဖို့ မေမေ့အလစ်ကို
ချောင်းပြီး ဆက်လိုက်တော့လဲ
လုံးဝ မကိုင်ပေ
ဖုန်းဝင်တာနဲ့ ချက်ချင်းချပစ်တာက
blockထားသလားတောင်ထင်ရ

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now