အပိုင်း (၃၁)

10.4K 783 34
                                    

#Unicode
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြားတော့
သိမ့်မျက်မှောင်တချက်ကြုံ့မိလိုက်ပြီး
"ဘယ်သူလဲမသိဘူး"

မေးနေတာကိုပြန်မဖြေတာနဲ့
ထဖွင့်ပေးလိုက်တော့ နေ့လည်က
မေမေရောက်နေလို့ပြန်မလာဘူးနော်လို့
ပြောသွားတဲ့ကလေးလေးပြန်လာတာရယ်.....
သိမ့်တံခါးဖွင့်ပေးခဲ့ကာ
တဖက်လှည့်ပြီး ပြုံးနေမိသည်

"ဟို မနက်ကျရင်သင်တန်းက
စောစောခေါ်ထားလို့ အဲ့ဒါ
အဆောင်နဲ့သင်တန်းကလဲနီးတော့
ပြန်လာဖြစ်တာပါ"

ဘယ်သူကမှလဲမမေးရပါပဲ
သူ့ဘာသာမလုံမလဲနဲ့ ပြောမိနေတဲ့ယွန်း
မမကတော့ ဘာမှပြန်မပြော.....

"မမသိမ့်"

"အင်း"

"ယွန်းနဲ့နေရတာ အနေကြပ်လားဟင်
အဆင်မပြေဖြစ်ရင် ယွန်းအခန်း
ပြောင်းပေးပါ့မယ်"

"မဖြစ်ပါဘူး သူ့အလုပ်သူလုပ်
ကိုယ့်အလုပ်ကိုယ်လုပ်ပဲကို"

"ဟုတ်"
သာသာယာယာစကားမဟုတ်ပေမဲ့
အဆင်မပြေမဖြစ်ဘူးဆိုတဲ့
စကားလေးကြားရတာနဲ့ ယွန်းတစ်ယောက်
အပျော်ကြီးပျော်နေမိတယ် တကယ်တော့
သိချင်လို့မေးလိုက်ရုံသာ ပြောင်းပေးလို့
ပြောလာရင်တောင် ယွန်းတို့ကလုံးဝ‌မပြောင်းပါဘူး

ရေချိုးလိုက်ဦးမယ်ဟုဆိုကာ
သိမ့်ရှေ့တင် အင်္ကျီကောက်ချွတ်နေတဲ့
ကလေးကြောင့် တိုက်ရိုက်ကြည့်နေတာ
မဟုတ်ပဲတောင် သိမ့်ပါးတွေရဲတက်လာပြီး
အမြန်ကျောပေးလိုက်ရသည်
တော်တော်ဆိုးတဲ့ကလေး.......

သိမ့်စာအုပ်ဖတ်တာတောင်
တော်တော်ပြီးသွားပြီ
ယွန်းကခုထိရေချိုးခန်းထဲက
မထွက်လာသေးဘူး ကြာလိုက်တာ
ဒီကလေး မိုးချုပ်မှလဲချိုးသေးတယ်
အအေးပတ်တော့မှာပဲ

တော်တော်ကြာမှ ရေချိုးခန်းထဲက
ပြန်ထွက်လာပြီး ရေစက်လက်ခေါင်းကို
တဘက်နဲ့ဟိုပွတ်ဒီပွတ် ဆွဲသုတ်ပြီးသာ
လှဲပြီးဂိမ်းဆော့နေတော့ သိမ့်မှာမနေသာတော့ပဲ

"ခေါင်းကိုခြောက်အောင်သုတ်ပြီးမှ
လုပ်စရာရှိတာလုပ်လေ"
မမရဲ့ရုတ်တရက်ထပြောလိုက်တဲ့စကားကြောင့်
ယွန်းမှာဘာပြန်ပြောရမသိ
ဘာလုပ်ရမှန်းမသိပဲ
"ဟုတ်"ဟုသာပြန်ပြောပြီး
တဘက်ဆွဲယူကာသုတ်နေမိတယ်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now