ကြင်နာသူသာကြည်ဖြူမယ်ဆိုရင် အပိုင်း(၂)

13.3K 871 12
                                    

#Unicode
"မေမေရေ ယွန်းအပြင်ကို
မုန့်သွားစားဦးမယ်နော်"

"အကြာကြီး မနေနဲ့
ခဏနေ သမီးဖေဖေပြန်လာတော့မှာ"

"ဟုတ်ကဲ့ပါ မေမေရဲ့
ခဏပဲစားပြီး ပြန်ခဲ့မယ်နော်"

ယွန်းကမေမေနဲ့တော့ သူငယ်ချင်းလိုနေပေမဲ့
စည်းကမ်းကြီးတဲ့ဖေဖေ့ကိုတော့
ကြောက်ရသည်

"ဟဲ့ စည်သူ ရောက်နေရင်လဲ
အိမ်ထဲဝင်လာတာမဟုတ်ပဲ
ဘာလို့အပြင်မှာ ရပ်နေတာလဲ"

"ငါလဲ ခုပဲရောက်တာ
ဝင်လာမလို့ကို နင်ထွက်လာတာမြင်လို့"

"ဒါနဲ့ နင်မျက်နှာလဲမကောင်းပါလား
ဘာဖြစ်နေတာလဲ"

"ငါ့ Crushကြီးလေ RSချိတ်သွားလို့
ကြေကွဲနေတာ"

"နင့်Crush? ဘယ်တစ်ယောက်လဲ
ဟိုKingအကိုကြီးလား
လမ်းထိပ်ကတစ်ယောက်လား ဒါမှမဟုတ်
ဟိုနေ့ကမှ စCrushတဲ့
လိုင်းပေါ်ကတစ်‌ယောက်လား"

"အမလေး မိယွန်း
နင်ကလဲနော် ငါfeelနေတာလေးတောင်
ဇိမ်ပျက်အောင် မေးတတ်တယ်"

"ဟုတ်တယ်လေ နင့်Crushတွေက
ငါသိသလောက်တောင်
သုံးလေးယောက်လေ
ဒါတောင်နင်ဥထားတာတွေက
ရှိသေးတယ်မလား
ငါမသိရင်ခက်မယ်"

"နင်နဲ့လဲနော် ငါမfeelရဲဘူး
အနှောက်မ"

"ငါ့လိုသစ္စာရှိရှိ
တစ်ယောက်ထဲကိုပဲ ချစ်စမ်းပါဟ"

"မချစ်နိုင်ပါဘူးဟာ
ပျင်းစရာကြီး"

သူငယ်ချင်းနှစ်ယောက် လမ်းလျှောက်ရင်း
စကားတွေများလာကြသည်
တခြားသူငယ်ချင်းတွေတော့ရှိပေမဲ့
စည်သူနဲ့က အိမ်ချင်းလဲနီး
ရင်ဘတ်ချင်းလဲတူ
အကြိုက်လဲတူတော့
ပိုပေါင်းဖြစ် ပိုခင်ဖြစ်တယ်

ညဘက်ရောက်တော့
လုပ်နေကျ Dutyလေးအတိုင်း
မ accလေး ဝင်ကြည့်လိုက်သည်
ကိုယ်Addထားတာကို
လက်တောင်မခံပေးပါ😢
friendတောင်မဖြစ်တဲ့ အကောင့်လေးထဲ
ညတိုင်းဝင်ကြည့်နေသော်လဲ
အချိန်တော်တော်ကြာ မပြောင်းတဲ့Profileနဲ့
Coverက ပုံလေးတွေကိုကြည့်ရတာ
ယွန်းအတွက်တော့ ဘယ်တော့မှ
ရိုးမသွားပါ

ချစ်သူရှိမှာစိုးရိမ်လို့
စည်သူ့ကို သိသိသာသာတမျိုး
မသိမသာတမျိုး မုန့်ကြွေးပြီး
မေးခိုင်းရတာလဲ အမောပါပဲ

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now