အပိုင်း (၃၈)

8.9K 632 32
                                    

#Unicode
သိမ့်အိမ်ပြန်ရောက်တော့
မေမေတို့နဲ့စကားပြော
ဟိုလုပ်ဒီလုပ်နှင့်ပင် ဖုန်းမကြည့်အားပဲ
မိုးချုပ်မှဖွင့်ကြည့်လိုက်တော့ ကလေးခေါ်ထားတဲ့
Missed callတွေအများကြီးကိုတွေ့ရပြီး
အိမ်မှာဖုန်းပြောမရတာနဲ့
လိုင်းပေါ်တက်လိုက်တော့လဲ
စာတွေပို့ထားတာမှ မနဲမနှောမို့
သိမ့် Vedio callခေါ်လိုက်တော့
လွမ်းလို့ဟုဆိုကာ ငိုနေတဲ့ကလေးလေးကို
သိမ့်လဲချော့မော့ကာ သူအိပ်သွားမှ
ဖုန်းချပြီးအိပ်လိုက်တော့သည်

မနက်ရောက်တော့ Rehearsalနေ့မို့
အိပ်ရာထကလေးကိုစာပို့ကာ
ပြင်စရာရှိတာတွေပြင်ရင်း

"အငယ်ကောင် ငါနင့်ကိုပြောပြစရာရှိတယ်
ညနေကျရင် မုန့်သွားစားရအောင်"

"အေ သွားမယ်လေ
ခုလိုနေ့မျိုးမှာ ငါယွန်းကိုသတိရလိုက်တာအစ်မရယ်
နင်ရော သတိမရဘူးလား
ရန်ကုန်မှာရော မတွေ့မိဘူးလား သူကတော့
နင့်နေရာမသိလို့ထားပါဦး နင်က
သူ့ကျောင်းကိုသိနေတာပဲ လိုက်သွားဖို့
စိတ်ကူးမရှိဘူးလား နင်ယွန်းကိုမချစ်တော့ဘူးလား
လုံးဝမေ့သွားပြီလား"

ဘာမှမသိသေးပဲ ဘေးကနေ
တွတ်ထိုးနေတဲ့ စည်သူ့ကိုကြည့်ကာ
သိမ့်ရယ်ချင်စိတ်ကို မနဲထိန်းထားရပြီး
"ငါနင့်ကိုပြောစရာရှိတယ်ဆိုတာလဲ အဲ့ဒါပဲ"

"ဟင်ဘာလဲ နင်နဲ့ယွန်းတွေ့တာလား
ပြန်အဆင်ပြေနေတာလား အခုပြောပြလို့မရဘူးလား
အခုပြောပါဟာ ငါအရမ်းသိချင်နေပြီ"

"ဟဲ့ အခုပြောလို့ဘယ်လိုဖြစ်မှာလဲ
ဟိုမှာဖေဖေတို့လာနေပြီ သွားကြမယ်"

ဓါတ်ပုံတွေရိုက်ပြီး ကလေးဆီပို့ပေးလိုက်တော့
'ယွန်းမမက နတ်သမီးလေးနဲ့တောင်တူတယ်
အရမ်းကိုလှတာပဲ တခြားသူတွေကြည့်ကြမှာကိုတောင်
မနာလိုဘူး'ဟု စာပြန်ပို့လာတဲ့ အကဲလေးကို
သိမ့်လက်သီးလေးထောင်ပြကာ ဓါတ်ပုံရိုက်ပြီး
ထပ်ပို့ပေးလိုက်တော့ Stickerလေးတွေ
ပြန်ပို့ပြီး သဘောကျနေတဲ့ကလေးလေး

ပြန်ရောက်လို့ အခန်းထဲနားပြီး
ကလေးနဲ့vcပြောနေတုန်းမှာပဲ
စည်သူဝင်လာကာ
"မမ နင်ပြောမယ်ဆိုတာဘာလဲ
ငါ့ကိုပြောပါတော့ ခုရောဘယ်သူနဲ့ပြောနေတာလဲ"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now