ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၂)

11K 701 22
                                    

#Unicode
သိမ့်အခန်းထဲ
ယွန်းရောက်လာတော့
အခန်းထောင့်မှာ ထောင်ထားတဲ့
ပန်းစည်းကြီးနဲ့
အရုပ်ကိုတွေ့လိုက်ရသည်

မမကတော့ မေမေ့ကို
ခဏကူရဦးမယ်ဟုဆိုကာ
အပေါ်တက်မလာသေး

ယွန်းပန်စည်းကို ဖြဲကြည့်လိုက်တော့
အထဲမှာ ဖဲကြိုးနဲ့စည်းထားတဲ့
ကဒ်တစ်ကဒ် မမတောင်
ဖွင့်ကြည့်ရသေးပုံမပေါ်ပါ
ယွန်းကဒ်ကို ဖွင့်ကြည့်လိုက်တော့
"I met you
I love you" ဟုသာ
ရေးထားသည်

ကဒ်ကို ပြန်ထည့်ပြီး
ပန်းစည်းကို တလှည့်
အရုပ်ကိုတလှည့်
လက်သီးနဲ့ ထိုးနေတဲ့ ယွန်း😂

ယွန်းရဲ့ လက်ချက်ကြောင့်
အနီရောင်ပန်းပွင့်လေးတချို့က
သိမ့်အခန်းထောင့်ထဲ
ပြန့်ကြဲသွားသည်

"သမီး ယွန်းလေးက ခုတလော
အိမ်ကို မကြာမကြာ
လာနေတယ်နော်
ပြီးတော့လဲ အရင်လို
စည်သူ့ဆီမဟုတ်တော့ဘူး
လာတိုင်း သမီးအခန်းထဲပဲ
ဓါတ်ကျနေတယ်"

မေမေ့စကားကြောင့်
သိမ့်ရုတ်တရက် ဘာပြန်ပြောရမလဲမသိ

"အင်းး ဟို ဟုတ်မှာပေါ့မေမေရဲ့
အရင်က သမီးနဲ့က သိပ်မခင်သေးတော့
သူစည်သူနဲ့ပဲ စကားပြောပြီး
ပြန်ပေမဲ့ ကျောင်းတက်ရင်း
ခင်သွားတော့ သမီးနဲ့ပိုပြီး
ဓါတ်ကျနေတာ နေမှာ
ကျောင်းကလဲပိတ်ထား
လုပ်စရာလဲမရှိတော့ ပျင်းလို့နေမယ်
မကြာမကြာလာနေတာ"

သိမ့်ပြန်ဖြေပြီး မေမေ့ကို
လှမ်းကြည့်လိုက်တော့
ခေါင်းညိတ်ပြီးသာ ထောက်ခံနေရင်း

"အပေါ်မှာ တစ်ယောက်တည်း
ပျင်းနေဦးမယ် သမီးလဲသွားတော့
မေမေလဲ ဒီဟင်းလေးကျတ်ရင်
ပြီးပြီ နေ့လည်စာ စားပြီးမှ
ပြန်လို့ပြောလိုက်ဦးနော်"

"ဟုတ်ကဲ့ မေမေ"

မေမေ မေးလဲ မေးချင်စရာပင်
ကလေးကလဲ နှစ်ရက်တခါ
သုံးရက်တခါ အမြဲလာနေသည်ကိုး😬

သိမ့်အခန်းထဲရောက်တော့
ပန်းစည်းနဲ့ အရုပ်ကို
တလှည့်စီ လက်သီးနဲ့
ထိုးနေတဲ့ ကလေး

"ဟယ် ကလေး
ဘာတွေလုပ်နေတာလဲ"

"ဒါတွေကို အမြင်ကပ်လို့
ဖျက်စီးနေတာလေ"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now