ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း (၂၁)

10.8K 760 24
                                    

#Unicode
မုန့်တီလဲ ဆက်မစားတော့
စားပြီးလို့ပြန်ပို့တော့လဲ
ဆိုင်ကယ်နောက်ကနေ
ဘာမှမပြောတဲ့ ကလေး
သိမ့်လဲ ဒီလောက်ဂျစ်နေတဲ့
ကလေးဆိုပြီး ထားလိုက်ချင်ပေမဲ့
မနေနိုင်

"အိမ်ရောက်ရင် ထမင်းစားဦးနော်
အစာအိမ်ရှိတာ သိရက်နဲ့
ကိုယ့်ကိုယ်ကို ဘေးမဖြစ်စေနဲ့"

သိမ့်စိတ်ပူလို့ မှာနေပေမဲ့
ဘာမှပြန်မပြော

"ပြောနေတာ ကြားလား"

"ကြားတယ်"

နောက်ကနေ ငေါက်ဆတ်ဆတ်နဲ့
ပြန်ပြောနေတဲ့ လူဆိုးလေး

သိမ့်‌အိမ်ရှေ့ထိ လိုက်ပို့ပေးပေမဲ့
ဆိုင်ကယ်ပေါ်ကလဲ မဆင်း
ဘာမှလဲမပြောပဲ
ဒီတိုင်းသာ တုတ်တုတ်မလှုပ်
ထိုင်နေသည်

"ကလေး ဆင်းတော့လေ
ခုရောက်တာနဲ့ ထမင်းစား
ပြီးမှ နားနော်"

သိမ့်ပြောနေပေမဲ့ ယွန်းကမလှုပ်တော့
ဆိုင်ကယ်ဒေါက်ထောက်ကာ
နောက်လှည့်ကြည့်လိုက်တော့
ခေါင်းငုံ့ မျက်ရည်တွေကျကာ
ငိုနေတဲ့ကလေး

"ဟယ် ကလေး ဘာဖြစ်လို့လဲ
မငိုနဲ့လေ အိမ်ရှေ့ရောက်နေပြီ
တစ်ယောက်ယောက်တွေ့သွားဦးမယ်
ဘာလို့ငိုနေရတာလဲ"

သိမ့်လဲအခြေအနေ မဟန်တော့တာနဲ့
အိမ်ကိုသာ ဆက်မောင်းလာပြီး
ကိုယ့်အခန်းထဲသာ ခေါ်ခဲ့လိုက်သည်

"ဘာလို့ငိုနေရတာလဲ ကလေးရဲ့"

"မမပဲ ယွန်းကိုပြောတယ်လေ"

"ကလေးက ဂျစ်နေလို့
မ က စားအောင်ပြောမိတာပါ
မငိုနဲ့တော့ တိတ်တော့နော်
တော်ကြာအိမ်ပြန်‌ရင် ငိုထားတဲ့
မျက်နှာကို သိသွားဦးမယ်"

"မမ အဲ့လိုလေးပြောတာကိုတောင်
ယွန်းအရမ်း ဝမ်းနဲတယ်
မမ ယွန်းကိုထားမသွားပါနဲ့နော်"

"အဲ့လိုပြောတယ်ဆိုတာ
ကလေးကို စိတ်ပူလို့လေ
ဘာလို့ထားခဲ့ရမှာလဲ"

ချော့နေရင်းမှ တစ်လျှူးဆွဲယူကာ
ကလေးမျက်ရည်လေးတွေ
သုတ်ပေးလိုက်သည်

"မမကို ယွန်းအရမ်းချစ်တယ်"

ပြောလဲပြော သိမ့်ကို လှမ်းဖက်လိုက်ပြီး
ရင်ခွင်ထဲ ဝင်နေပြန်တယ်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now