ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၂)

11.9K 799 50
                                    

#Unicode
ယွန်းသတိပြန်ရလာတော့
ဖေဖေရော မေမေရော ကိုကိုရော
ဘေးနားထိုင်နေတာ
တွေ့လိုက်ရသည်

"မေမေ ယွန်းဘယ်လိုဖြစ်သွားတာလဲ"

"သွေးပေါင်တွေကျပြီး
အားနည်းသွားတာတဲ့
ခု နေရတာသက်သာရဲ့လားသမီ‌လေး
ဘယ်လိုနေသေးလဲ"

"ဟုတ်ကဲ့ သက်သာပါတယ်မေမေ"

"ထမင်းတနပ်မစားရင်တောင်
ခေါင်းမူးတတ်တာ သိရဲ့သားနဲ့
ညီမလေးရယ်
ဘာလို့ ထမင်းမစားပဲနေရတာလဲ"

ကိုကိုက စိတ်ပူပြီးထပြောတော့
ယွန်းဘာလို့မှန်းမသိ
ဝမ်းနည်းသွားပြီး မျက်ရည်တွေကျလာသည်

"ဟင် ညီမလေး ဘာဖြစ်လို့လဲ
ကိုကိုက ဆူတာမဟုတ်ဘူးလေ
နေလို့မကောင်းသေးလို့လား
အင်းပါ ကိုကိုဘာမှမပြောတော့ဘူးနော်"

တကယ်တော့ ယွန်းမျက်ရည်ကျတာ
ကိုကိုပြောလို့မဟုတ်ပါ
ဘာလို့လဲလို့ မေးပြန်ရင်လဲ
ဘာလို့မှန်း ကိုယ်တိုင်မသိ

ဖေဖေရော မေမေရော ကိုကိုရော
ယွန်းနားနေပြီး လိုလေးသေးမရှိ
ဂရုစိုက်ပေးနေပေမဲ့
ယွန်းစိတ်ထဲ လစ်ဟာနေပြီး
နေလို့်မကောင်း

မနက်မိုးလင်းတော့
ယွန်းလဲ သက်သာတာနဲ့
‌ဖေဖေရော ကိုကိုရောအလုပ်သွားပြီး
မေမေတစ်ယောက်သာ
လူနာစောင့်ကျန်နေခဲ့သည်

ဆေးချိတ်ထားပြီး
ယွန်းမှေးနေတုန်းမှာပဲ
စည်သူရောက်လာသည်

"ယွန်း သက်သာရဲ့လား"

"သက်သာပါတယ်
နင်ကျောင်းမသွားဘူးလား"

"ဒီနေ့မသွားတော့ဘူးလေ
နင့်ကို ပြုစုပေးမလို့
အန်တီလဲ ပင်ပန်းနေရောပေါ့
နားဦးလေ သားစောင့်ပေးမယ်"

"ကျေးဇူးပါသားရေ
ဒါဆို အန်တီ
ဝယ်စရာလေးရှိလို့ သွားဝယ်ဦးမယ်"

"ဟုတ်ကဲ့ပါ အန်တီ"

ယွန်းမေမေအပြင်ထွက်သွားတော့
စည်သူ ယွန်းနားသွားထိုင်ကာ

"ယွန်း နင်ရောစားချင်တာရှိရင်ပြောနော်
ငါဝယ်ပေးမယ်"

"ငါစားချင်တာ တကယ်ရမှာလား"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now