ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၅)

12.1K 866 62
                                    

#Unicode
စာမေးပွဲဖြေဖို့
တပတ်ပဲလိုတော့တာမို့
ယွန်းလဲ ကိုယ့်စာကိုယ်လုပ်
မမလဲ သူ့စာသူလုပ်နဲ့
မတွေ့ဖြစ်ကြပါ
လိုင်းကျတော့လဲ မမကကောင်းကောင်းမသုံး
ဖုန်းဆက်ဖို့ကျတော့လဲ
စာလုပ်နေရင် မမအနှောင့်အယှက်
ဖြစ်မှာစိုးလို့ ယွန်းmasgသာပို့ဖြစ်သည်

မျက်နှာလေးလဲ မမြင်ရ
အသံလေးလဲ မကြားရဆိုတော့
ယွန်းအတော်ကို လွမ်းနာကျနေတာနဲ့
စာကြည့်ရင်းကနေ
စည်သူ့ဆီသွားဖို့
ထွက်လာခဲ့တယ်

အိမ်ရှေ့ရောက်ဘဲလ်တီးလိုက်တော့
စည်သူမဟုတ်ပဲ မေမေယောက္ခမက
လာဖွင့်ပေးသည်

"ဪ ယွန်းလာလေသမီးလေး
စည်သူ့ဆီ လာတာလား
စည်သူကတော့ မရှိဘူး
အပြင်ခဏဆိုပြီး ထွက်သွားတာ
သမီးလေးရေ ခုထိပြန်မလာသေးဘူး
အပေါ်မှာတော့ သမီးအစ်မရှိတယ်
တက်သွားချေ"

"ဟုတ်ကဲ့ အန်တီ
ယွန်းလဲစာကြည့်ရင်းကနေ
အညောင်းအညာပြေ ထွက်လာခဲ့တာ"

ယွန်းလဲ ပြောပြီး
အပေါ်ကိုခပ်တည်တည်တက်လာကာ
တံခါးခေါက်လိုက်သည်

"ဘယ်သူလဲ တံခါးဖွင်ထားတယ်
ဝင်ခဲ့လေ"

ယွန်းတံခါးဖွင့်ပြီး ဝင်သွားတော့
ဘယ်သူလဲဆိုတာ လှည့်မကြည့်ပဲ
စာပဲကြည့်နေတဲ့ မမ😒

"မမ"

ယွန်းခေါ်သံကြားမှ နောက်လှည့်ကြည့်ပြီး

"ယွန်း ဘာလာလုပ်တာလဲ
စာလုပ်မနေပဲနဲ့"

"မမကို လွမ်းလို့"

ယွန်းတည့်ကြီးပဲ ပြောချလိုက်မိပြီး
မမမျက်နှာကိုကြည့်တော့
မျက်မှောင်ကြုံ့နေပြီ

"ဒီအချိန်က စာလုပ်နေရမဲ့အချိန်နော်
ပေါက်ကရတွေ လျှောက်လုပ်နေရမဲ့
အချိန်မဟုတ်ဘူး"

မမဆူလိုက်တော့
ယွန်းမျက်နှာလေး ငြိုးသွားကာ

"မမကို အရမ်းလွမ်းနေတော့
ယွန်း စာလဲဆက်လုပ်လို့မှ မရတာ
မျက်နှာလေး မြင်ချင်လို့ပဲ
ခဏလေးလာတာကို"

"ရှုံ့မဲ့မဲ့ လုပ်မနေတော့နဲ့ ခုမှ
လာဒီနားလာထိုင်"

မမညွှန်ပြတဲ့ ကုတင်ပေါ်
ယွန်းအပြေးသွားထိုင်ကာ
သွားလေးဖြီးရင်း

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now