ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၇)

11.3K 782 20
                                    

#Unicode
အချစ်ဆိုတာ
ကိုယ်က ချစ်နေရရင်ကို
ပြည့်စုံတယ် အေးချမ်းတယ်
ဆိုပေမဲ့ ယွန်းအတွက်တော့
မမကို အပိုင်လိုချင်စိတ်က
တနေ့တခြား ကြီးထွားလာခဲ့တယ်
မမသာ တခြားတစ်ယောက်နောက်
ပါသွားရင်ဆိုတာကို
တွေးကြည့်လိုက်တာနဲ့တင်
ယွန်းနှလုံးသားက နာကျင်လာတယ်

ဒီနေ့က ကိုကိုအိမ်ပြန်လာမဲ့နေ့
ယွန်းမှာ အကိုတစ်ယောက်ရှိပါတယ်
ကိုကိုက သူ့စီးပွားရေးသူ
ဦးဆောင်နေတဲ့ သူတစ်ယောက်
သူအခြေချတဲ့စီးပွားရေးက
တခြားမြို့မှာဆိုတော့ အိမ်ကိုသုံးလေးလမှ
တခေါက်သာ ပြန်လာနိုင်သည်

ကျောင်းပိတ်တဲ့နေ့လဲ ဖြစ်တာကြောင့်
ယွန်းအပြင်မသွားပဲ
ကိုကိုအလာကိုသာ စောင့်နေလိုက်သည်

"မေမေ ဘာတွေချက်နေတာလဲ"

"သမီးကိုကိုကြိုက်တဲ့
ကြက်သားဆီပြန်လေး
ချက်နေတာ"

"မေမေတို့များ ကိုကိုပြန်လာမယ်ဆိုတာနဲ့
ယွန်းအကြိုက်ကို မချက်ပေးတော့ဘူး"

ယွန်းနှုတ်ခမ်းလေးထော် ပြောလိုက်တော့
မေမေက နှာခေါင်းလေးကို လာညှစ်ကာ

"မေ့သမီးလေးအကြိုက်ကိုက
ချက်ပြီးပါပြီ အရင်ဆုံးကိုချက်ထားတာ
ဟိုအုပ်ဆောင်းအောက်မှာ သွားလှန်ကြည့်"

ယွန်းအုပ်ဆောင်းကို လှန်လိုက်တော့
"ဟာ ဝက်သားကြော်လေးတွေ
မေမေ ကိုကိုက ခုထိလဲမ‌ရောက်သေးဘူး"

"လာခါနီးမှအလုပ်ပေါ်လာလို့
နောက်ကျမယ်တဲ့
မေမေ့ကိုဖုန်းဆက်ထားတယ်"

"အဲ့ကိုကိုက အလုပ်ပဲ
သူနဲ့ရတဲ့မိန်းမကတော့ ကံဆိုးမှာပဲ
ဂရုစိုက်မခံရလို့"

"အဲ့လိုလဲ ဘယ်ဟုတ်ပါ့မလဲ သမီးရဲ့
စီးပွားရေး သိတတ်တော့
သူနဲ့ယူမဲ့မိန်းမလဲ အေးအေးဆေးဆေး
နေရတာပေါ့"

"မေမေတို့များ သူ့သားဆို
ပြောလို့ကိုမရဘူးနော်"

ကိုကိုကလဲမလာသေး
ယွန်းလဲ ပျင်းတာကြောင့်
ဖုန်းယူကာ လိုင်းကောက်ဖွင့်လိုက်တော့
စည်သူလိုင်းပေါ်ရှိနေတာနဲ့
Video callကောက်ခေါ်လိုက်သည်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now