ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၅)

9.4K 653 21
                                    

#Unicode
'1500အချစ်နဲ့ 528မေတ္တာ
အားပြိုင်လာရင် ဘယ်သူက
အနိုင်ရစမြဲလဲ???'
ယွန်းဒီနေ့ အလိုလိုနေရင်း
စိတ်မကြည်ဖြစ်ပြီး ခေါင်းတွေ
ရှုပ်ထွေးနေသည် ဒါမမ မရှိလို့ဖြစ်တာပဲ
မမနဲ့မတွေ့ရတာ တပတ်တောင်ကျော်သွားပြီ
အရမ်းလဲလွမ်းနေပြီ မမကဟိုမှာ
ဖွားဖွားကိုပြုစုရ အိမ်ကိုရောက်တော့လဲ
မေမေနဲ့မလွတ်မလပ်ဆိုတော့ vedio callလဲ
ကောင်းကောင်းမပြောရ
ဖုန်းလဲကောင်းကောင်းမပြောရနဲ့
"ဟူးးးးးးးး"

"သမီးလေး တစ်ယောက်တည်းထိုင်ပြီး
ဘာတွေ တွေးနေတာလဲ"

ယွန်းတစ်ယောက်ထဲ ထိုင်တွေးနေတုန်း
မေမေရာက်လာပြီးမေးမှ
သတိပြန်ဝင်လာကာ

"ဘာမှဟုတ်ပါဘူး မေမေရဲ့
မီးပျက်နေတာနဲ့ပျင်းလို့
ဟိုတွေးဒီတွေး ထိုင်တွေးနေတာ"

"သမီးသူငယ်ချင်း စည်သူတောင်
အိမ်ဘက်မလာတာ ကြာပြီနော်"

"ဟုတ်တယ် မေမေရဲ့
သူကအားရင် သမီးကို
သတိမရတော့ဘူး သူ့ချစ်သူနဲ့ပဲ
လိမ့်နေတော့တာ"

"သူတောင် ကောင်မလေးရနေပြီလား"

"ကောင်မလေးမဟုတ်ဘူး မေမေ
ကောင်လေးပါ"

"ဟေ ဟုတ်လား ထင်တော့ထင်သား
ဒီကလေးက နွဲ့နွဲ့လေးကိုး
အတိတ်ကံက မကောင်းရှာဘူးပဲ"

မေမေတစ်ယောက်ထဲ ရေရွတ်လိုက်တဲ့
စကားကြောင့် ယွန်းသဘောမကျဖြစ်သွားကာ

"မေမေ လူကြီးတွေကလေ
အဲ့တာကို အဲ့ဒါကိုဘာလို့
ဆိုးတဲ့ကံလို့ ထင်ကြတာလဲဟင်
ဘယ်သူပဲချစ်ချစ် လူတွေအပေါ်
အပြစ်မလုပ်ပဲ သူတို့ဘဝလေးကောင်းအောင်
နေနိုင်ရင် သူတို့ပျော်ရင် အဲ့ဒါက
အပြစ်မဟုတ်တော့ဘူးမလား"

"ဒီကလေး သူငယ်ချင်းကိုပြောလို့
မေမေ့ကိုရန်ပြန်တွေ့နေတယ်ပေါ့လေ"

"ရန်တွေ့တာ ဟုတ်ပါဘူးမေမေရဲ့
ယွန်းကမေမေ့ကို တခြားလူကြီးတွေလို
ခေတ်နောက်ကျနေတဲ့အတွေး‌နဲ့
မနေစေချင်လို့ပါ"

"လူကြီးတွေအရမ်း ခေတ်နောက်ကျတာ
မကောင်းသလို လူငယ်တွေအရမ်း
ခေတ်ရှေ့ပြေးလွန်းရင်လဲ မကောင်းဘူး
သမီးလေးရဲ့"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now