အပိုင်း (၄၁) ဇာတ်သိမ်း

24.6K 1K 77
                                    

#Unicode
ယွန်းအိမ်ပြန်ရောက်ပြီး ဒီအခြေအနေတွေ
ဖြစ်သွားတာနဲ့ ကျောင်းပျက်တာလဲ
နှစ်ပတ်တောင်ရှိပြီ
သိမ့်ကတော့ ယွန်းဆေးရုံက
ဆင်းတော့လဲ ကလေးရဲ့အိမ်ကနေမပြန်ဖြစ်
ဖေဖေ မေမေတို့ကတော့ သဘောတူလိုက်တာ
မျိုးလဲမဟုတ်ပေမဲ့ ကိုယ်ပျော်ရွှင်ရာဘဝကို
ကိုယ့်ဘာသာရွေးချယ်ပြီး နှစ်ယောက်သား
သင့်သင့်မြတ်မြတ်နေကြဟုဆိုကာ
ကန့်လဲ မကန့်ကွက်ကြတော့

"ကလေး လက်ကဒဏ်ရာကနာနေသေးလားဟင်"

"နာတော့ပါဘူးမမရဲ့ ဘယ်လိုမှတောင်နေတော့ဘူး
ယွန်းအခု နေလဲလုံးဝကောင်းနေပါပြီ"

"မ ကတော့ကလေးလက်လေးကိုမြင်တိုင်း
ငိုချင်နေတုန်းပဲဆိုတာ သိရဲ့လား"

"မငိုချင်ပါနဲ့အချစ်ကလေးရယ်"

"နောက်တခါ အဲ့လိုလုံးဝမလုပ်တော့ဘူးလို့
ကတိပေးပါဆို"

"အဲ့ဒါက မမယွန်းအနားမှာရှိရင်
လုံးဝမလုပ်တော့ပါဘူးလို့ ပြောပြီးပြီပဲ"

"ဟာာ မရဘူးကွာ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ်
နောက်ဆို ခုလိုလုံးဝမလုပ်တော့ပါဘူးလို့ကတိပေး"

"အင်း မမသာယွန်းအနားအမြဲရှိရင်
ဘယ်တော့မှခုလို ထပ်မဖြစ်စေရဘူး"

သိမ့် ကလေးဆီက ကတိတောင်းပေမဲ့
လုံးဝမရခဲ့ပါ အဲ့ဒီတော့သိမ့်ကပဲ ကလေးအနား
တသက်လုံးအမြဲရှိပေးရုံပေါ့ စိတ်ချပါကလေးလေးရေ
ဒီမမအသက်နဲ့ခန္ဓာတည်မြဲနေသ၍ ကလေးလေးအနားမှာ
တသက်လုံးရှိနေမှာပါ

"ကဲပါ ဒီမမကပဲ အရှုံးပေးပါတယ်နော်
ခုတော့ ဆေးလေးသောက်ဦး"

"ယွန်းကနေကောင်းနေပြီကို
ဒီဆေးတွေပဲ ထပ်တိုက်နေကြတယ်"

"ဘာကောင်းရမှာလဲ မနက်ရန်ကုန်ပြန်ဖို့တောင်
မ က စဉ်းစားနေတာ ကလေးကို
တနှစ်နားခိုင်းပြီး အိမ်မှာပဲနေခိုင်းမလားလို့"

"ဟာာ မရဘူးမရဘူး အဲ့တာတော့မရဘူး
ယွန်းမမနဲ့ ရန်ကုန်ပြန်လိုက်မှာတခါတည်း"

ယွန်းပြောလဲပြော ဘေးနားကဆေးတိုက်နေတဲ့
သိမ့်ကို ဆွဲကာတင်းတင်းဖက်ထားမိသည်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now