အပိုင်း (၃၅)

12.1K 732 41
                                    

#Unicode
အလုပ်စဆင်းရမဲ့နေ့မို့
ညကနှိုးစက်ပေးပြီး အိပ်တာ
ခုနှိုးစက်သံကြားလို့ နိုးလာပေမဲ့
သိမ့် ထမရ......
ထမရဆို ကလေးက
ကိုယ့်ကိုယ်လုံးပေါ်ကို ခြေထောက်တွေရော
လက်တွေရောတင်ပြီး အိပ်နေတာကိုးးး

သိမ့်အသာလေး ဆွဲဖယ်နေပေမဲ့
ပြန်ပြန်ဆွဲဖက်နေတော့
ဘယ်လိုမှကို ခွာမရ

"ဖယ်ဦးကလေးလေးရဲ့
မ အလုပ်ဆင်းရတော့မှာ ဒီနေ့က
ကလေးအတွက်လဲ Breakfastပြင်ပေးခဲ့မလို့"

"ဟင့်အင်းဟင့်အင်း ဖယ်ဘူး
ထနဲ့ မရယ် ဒီလိုလေးပဲ
အိပ်ချင်သေးတယ်"

"ကဲ ဆိုးမနေနဲ့လေ
တော်ကြာ အလုပ်စဆင်းဆင်းချင်းနေ့မှာ
အလုပ်နောက်ကျလို့ ပြန်အထုတ်ခံနေရရင်
ဘယ်လိုလုပ်မလဲ"

သိမ့်ပြောလိုက်တော့ နှုတ်ခမ်းလေးဆူပြီး
ဟိုဘက်လှည့်သွားတဲ့ ကလေးဆိုးလေးကို
သိမ့်နောက်ကနေ ဆွဲဖက်ကာ

"စိတ်မကောက်ပါနဲ့ ကလေးလေးရယ်
ညနေကျရင် မုန့်ဝယ်ခဲ့မယ်နော်
ဘာစားချင်လဲ"

"မုန့်မစားချင်ဘူး မမကိုပဲစားချင်တာ
အဲ ဟုတ်ပါဘူး မမနဲ့ပဲအတူတူရှိချင်တာ"

"အင်းပါ ဟုတ်ပါပြီ
ညနေကျရင် အတူတူရှိရမှာပဲကိုနော်
ခုဆက်အိပ်ဦး သင်တန်းသွားချိန်ကျရင်တော့
ပျင်းမနေနဲ့နော် ချစ်တယ်ကလေးလေး မွ"

ကလေးပါးကို အနမ်းလေးပေးကာ
ကုတင်ပေါ်ကဆင်းလိုက်တော့
ဆက်မအိပ်တော့ပဲ အိပ်ချင်မူးတူးနဲ့
ရေချိုးခန်းထိ ထလိုက်လာပြန်တဲ့ကလေး

"ဘယ်ကို လိုက်လာတာလဲ
မ အပေါ့သွားမလို့လေ"

"အပေါ့သွားတာပဲ သွားပေါ့လို့"

"ကဲပါ ခဏထွက်ပေးဦးနော် မ ပြီးရင်
ပြန်ဝင်ခဲ့ လိမ်မာတယ်"
သိမ့်တွန်းလွှတ်လိုက်တော့ နှုတ်ခမ်းလေးဆူ
ခေါင်းလေးကုတ်ကာ ပြန်ထွက်သွားပြန်တယ်

အပေါ့အပါးသွားပြီး တံခါးပြန်ဖွင်လိုက်တော့
ဝင်လာကာ ခပ်တည်တည်ပဲ သိမ့်ရှေ့မှာ
အပေါ့ထိုင်သွားလိုက်တော့ သိမ့်ကပဲ
ချက်ချင်းမျက်နှာကောက်လွှဲလိုက်ကာ

"အော် ဒီကလေးကတော့
ဘယ်လိုတွေ လာလုပ်နေတာတုန်း"

"ဘာလုပ်လို့လဲလို့"
သူကတော့ဘာမှမထူးဆန်းသလိုပဲ
ပြန်ထလာကာ

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now