ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၉)

11.2K 769 33
                                    

#Unicode
အိမ်ပြန်ရောက်တော့လဲ
ယွန်းကျောင်းမှာ တွေ့ခဲ့တာကို
‌ပြန်တွေးပြီး စိတ်တိုနေရသည်

တချိန်ထဲလဲ မမသာ
အဲ့လူကြီးနဲ့ RSဖြစ်သွားရင်
ဆိုတဲ့အတွေးက ယွန်းအသည်းနှလုံးတွေကို
နာကျင်စေတယ်

ယွန်းတွေးနေတုန်းမှာပဲ ဖုန်းဝင်လာတော့
Contractကောက်ကြည့်လိုက်တဲ့အခါမှာ
မမ ဖြစ်နေသည်

ယွန်းလဲဖုန်းကို ချက်ချင်း
ကောက်ကိုင်လိုက်တော့

"ဟလို ညီမလေး
အိမ်မှာ မုန့်ဟင်းခါးလုပ်စားလို့လှမ်းခေါ်တာ
စည်သူ့ကို ဖုန်းဆက်ခိုင်းတာလဲ
ကပ်တတ်တတ်လုပ်နေလို့
မမဆက်လိုက်တာ
ထွက်လာလို့ရသေးလား
အပြန်ကျ စည်သူပို့ပေးလိမ့်မယ်လေ"

ယွန်းနာရီလှမ်းကြည့်လိုက်တော့
ညနေ 6:00ထိုးနေပြီ

"ယွန်း မေမေ့ကိုပြောကြည့်ဦးမယ် မမ
ရရင် လာခဲ့မယ်နော်"

"မေမေရေ စည်သူတို့အိမ်က
မုန့်လုပ်စားလို့တဲ့ ခေါ်လို့
ယွန်းသွားချင်တယ်
အပြန်ကျ မိုးချုပ်လဲ
စည်သူပို့ပေးလိမ့်မယ်လေ
ယွန်းသွားမယ်နော်"

"ခဏနေ သမီးဖေဖေပြန်ရောက်တော့မှာလေ
သူပြန်ရောက်လို့ သမီးမရှိရင်
ဆူနေလိမ့်မယ်"

"ဖေဖေဆူလဲ ယွန်းခံပါ့မယ်
ဒီတခါထဲပါနော်
နော် မေမေ ယွန်းသွားချင်လို့ပါ"

"ကဲ သွားသွား
အကြာကြီးတော့ မနေနဲ့
ခဏနေပြန်လာခဲ့နော်"

"Yes sir"

မေမေခွင့်ပြုလိုက်တော့
အလေးပြုကာ ပြေးထွက်လာခဲ့သည်

"မမအိမ်ရောက်တော့
စည်သူရော မမရော
ဖေဖေ မေမေ ယောက္ခမရော
မုန့်စားနေကြသည်
(အတင်းတွေနော် ယွန်းက😁)

"ညီမလေး လာလေ
ဒီမှာထိုင် မမထည့်ပေးမယ်"

"ဟုတ်ကဲ့ မမ"

"မြန်မြန်စားနော်
မိုးချုပ်ရင် ငါကလိုက်မပို့ဘူး"

စည်သူက ယွန်းကို စလိုက်တော့

"သားက မစနဲ့လေ ယွန်းလေးကို
ဖြည်းဖြည်းစားနော် သမီးလေး
မိုးချုပ်လဲ လိုက်ပို့မယ်"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now