ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၆)

12.5K 835 25
                                    

#Unicode
ဘာလိုလိုနဲ့ ယွန်းတို့
စာမေးပွဲ စဖြေရမဲ့နေ့တောင်
ရောက်လာပြီ
ယွန်းနဲ့ မမက မနက်ပိုင်း
ဖြေရမှာတူပြီး စည်သူက
ညနေပိုင်းဖြစ်သွားတော့
မမနဲ့သာ လိုက်လာဖြစ်တယ်😁
နေ့တိုင်းလဲ မမနဲ့အတူတူ
သွားဖြေရမှာကို ပျော်ပြီး
စာမေးပွဲဖြေရမှာကိုတောင်
ယွန်းရဲ့စိတ်တွေ လန်းဆန်းတက်ကြွနေသည်

"စာတွေရတယ်မလား
Exam roomထဲရောက်ရင်လဲ
အေးအေးဆေးဆေး ရတာလေးကို
သေချာစဉ်းစားပြီး ဖြေနော်
စိတ်ချမယ်"

သိမ့်ဆိုင်ကယ်မောင်းရင်းမှ
ကလေးကို စိတ်လောနေမှာစိုးလို့
မှာနေရသည်

"ဟုတ်ကဲ့ပါရှင့်
စိတ်ချပါ အေးအေးဆေးဆေးပဲ
ဖြေခဲ့မယ် အားလုံးကို"

အင်း ပြီးရော
Breakfastရော စားလာရဲ့လား
ဘုရားရော ရှိခိုးလာသေးလား"

"ဟုတ် မေမေကျွေးလိုက်တယ်
ဘုရားလဲ ရှိခိုးလာတယ်"

တက္ကသိုလ် စာမေးပွဲဆိုပေမဲ့လဲ
သိမ့် ဒီကလေးကို သေချာမဖြေမှာ
စိုးရိမ်နေတယ်

ကျောင်းရောက်တော့ ယွန်းလဲ
ကိုယ့်အခန်းရှေ့ကိုသွား
သိမ့်ကလဲ သူ့အခန်းရှေ့သူ
ထွက်သွားတယ်

ယွန်းအခန်းရှေ့မှာ ပပနဲ့အတူ
စာကြည့်ရင်းကနေ ဘေးဘီကို
ကြည့်လိုက်တော့ မနီးမဝေးကနေ
ခန့်သူရဖြိုးတစ်ယောက် ယွန်းကို
စိုက်ကြည့်နေတာ တွေ့လိုက်ရတော့
ယွန်းလဲ မျက်နှာအမြန်ပြန်လွှဲကာ
စာအုပ်ကိုသာ ကြည့်နေလိုက်သည်

ယွန်းဖြေပြီး ပြန်ထွက်လာတော့
ပပက မထွက်လာသေး
အခန်းရှေ့မှာပဲ ပပကိုစောင့်နေတုန်း
ဘေးကိုခန့်သူရဖြိုးရောက်လာပြီး

"ယွန်း အကို့ကို အချိန်ခဏလောက်ပေးပါလား"

"ပြောစရာရှိရင် ဒီမှာပဲပြောလေ
ယွန်းက ပပထွက်ရင် ပြန်မှာမို့"

"အကို့ကို ဘာလို့ blockထားတာလဲဟင်
ယွန်းအတွက် အရမ်းကို
အနှောင့်အယှက်ဖြစ်နေလို့လား"

ခန့်သူရဖြိုးစကားကိုကြားပြီး
ယွန်းခဏကြောင်သွားကာ

"ယွန်း မဘလော့မိပါဘူး
ညကတောင် messengerက
စာလာပို့သေးတယ်မလား"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now