ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း (၂၃)

9.4K 665 17
                                    

#Unicode
"ကိုကို ဒီတခေါက်ပြန်လာတာ
တော်တော်ကြာတယ်နော်"

"ဟုတ်တယ် ညီမလေးရဲ့
ကိုကိုဒီမှာလုပ်စရာလေး
ရှိသေးလို့ကြာနေတာ"

"ဘာလုပျစရာလဲ ကိုကို"

"နောက်ကျပြောပြပါ့မယ်
ခုမသိချင်သေးနဲ့ဦးနော်"

သိမ့်ဆီက အဖြေရမှ
ညီမလေးကို ပြောပြမယ်ဟု
စိတ်ကူးကာ ခုချိန်ထိ
တိတ်တဆိတ် လှုပ်ရှားနေမိသည်

သိမ့်ဆီ ပန်းစည်းတွေပို့နေသည်မှာ
ကိုကိုဆိုတာ ယွန်းစဉ်းတောင်မစဉ်းစားဖူးပါ
မမအကြောင်းကိုစိတ်ဝင်စားလို့
မေးဖူးပေမဲ့ အဲ့ဒီနောက်ပိုင်း
ထပ်မကြားရတော့ ယွန်းအတွေးထဲပင်
ကိုကိုက မမကိုမျက်စိကျတယ်ဆိုတာ
မေ့မေ့ပျောက်ပျောက်ဖြစ်နေသည်
တကယ်လို့ သိမ့်ဆီကို ပန်းစည်းတွေ
ပို့နေ‌တဲ့ ယွန်းသိပ်မုန်းနေတဲ့သူက
ယွန်းအရမ်းချစ်ရတဲ့ ကိုကိုဆိုတာသာ
သိခဲ့ရင်..................

"ဒါဆိုယွန်း အပေါ်တက်တော့မယ်
မနက်ဖြန်ကျရင် မြို့ထဲလိုက်ပို့ရမှာနော်
ယွန်းလိုချင်တာလဲ ဝယ်ပေးရမှာနော်"

"ကောင်းပါပြီတဲ့ဗျာ
မနက်ကျ လိုက်ပို့ပါ့မယ်"

ယွန်းအခန်းထဲရောက် ဖုန်းကောက်
ကြည့်လိုက်တော့
မမဆီက မက်စေ့ရောက်နေတာ
တွေ့လိုက်ရသည်

'ကလေးလေး ဘာလုပ်နေလဲ'

မက်စေ့ထဲကထွက်ကာ
ဖုန်းကောက်ခေါ်လိုက်ပေမဲ့ မကိုင်ပေ

ဟွန့် ဖုန်းထားပြီးဘာလုပ်နေပြန်လဲ
မသိဘူး

တစ်ယောက်တည်း ပွစိပွစိ
ပြောနေတုန်းမှာပဲ
ဖုန်းကပြန်ဝင်လာသည်

"ဟလို အမိန့်ရှိပါရှင်"

ယွန်းပျက်ချော်‌ချော်လေး ဖုန်းဖြေလိုက်တော့
တဖက်မှ ရယ်သံလေးစွတ်ကာ

"အရူးလေး ခုမှဖုန်းခေါ်တော့တယ်
ဒီကအစောထဲက လွမ်းနေတာကို"

"အောက်ဆင်းပြီး ထမင်းစားနေလို့ပါ
အချစ်ရဲ့ ဒီကလဲထမင်းစားရင်းတောင်
လွမ်းနေတာပါနော်"

"အဲ့လိုအပိုစကားတွေနဲ့ပဲ
ဒီလူက အချစ်ပိုနေရတာပါနော်"

"ဟာ မမကလဲ
ယွန်းအပိုစကား တလုံးမှမပြောပါဘူးနော်
အားလုံးစိတ်ထဲရှိတဲ့အတိုင်း
ပြောတာပါ"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now