ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် (အပိုင်း၁၈)

13.7K 863 32
                                    

#Unicode
ယွန်းဘဝတစ်လျှောက်လုံး
မမရင်ခွင်ထဲကနေ နိုးထလာရတဲ့
မနက်ခင်းလေးက
ကြည်နူးစရာအကောင်းဆုံးပါပဲ
ယွန်း မမကို စချစ်မိကတည်းက
မမအချစ်ကို ပြန်မမျှော်လင့်ထားပေမဲ့
မမဆီက ဒီလိုဂရုစိုက်မှုလေးတွေ
မသေချာသေးတဲ့ အချစ်လေးတွေ
ရလာပြန်တော့လဲ ဘယ်လိုမှကို
လက်လွတ်ဆုံးရှုံးမခံနိုင်တော့ပါ

"ယွန်း နိုးနေပြီလား"

"ဟုတ် ခုပဲနိုးတာ"

"အင်းဒါဆိုထတော့ ရေချိုးမယ်"

"ဟင့်အင်း ထချင်သေးဘူး"

"ဘယ်အချိန်ရှိပြီလဲ breakfastစားဖို့
နောက်ကျနေဦးမယ်"

"6:30ပဲ ရှိပါသေးတယ် မရဲ့
ခဏလေးပါနော် ယွန်းဒီလိုလေး
နေချင်သေးလို့ပါ"

"အင်း ဒါဆို 7:00ထိုးရင်တော့
ထရမယ်နော်"

"ဟုတ်ကဲ့"

ပြောလဲပြော သိမ့်လက်ကိုဆွဲယူလိုက်ကာ
ယွန်းဗိုက်ပေါ်တင်လိုက်သည်

"ယွန်းကို ဖက်ပေးထား"

"ဒီနေ့ပဲ အလိုလိုက်မှာနော်"

"မမကလည်း တသက်လုံး
အလိုလိုက်ပေးလေ"

"မရပါဘူးနော် ဒီတရက်ပဲ"

"ဟွင့် ခုထိကို ကပ်စီးကုပ်နေတုန်းပဲ"

သိမ့်လဲဘာမှပြန်မပြောတော့ပဲ
ကိုယ့်ရင်ခွင်ထဲက ကလေးလေးကို
တင်းတင်းကြပ်ကြပ် ပိုဖက်ထားပေးလိုက်သည်

"မမ ယွန်းကိုပြန်ချစ်ပေးပါတော့လားဟင်"

"ညကပဲ ပြောထားတယ်လေ"

"သိတော့သိပေမဲ့ ယွန်းမမနဲ့
ဒီလိုလေးပဲ အမြဲရှိချင်လို့"

"အဲ့ဒါပဲ အစ်မပြောချင်တာ
ညီမလေးနဲ့အစ်မ ချစ်သူတွေ
ဖြစ်တော့ရော ဒီလိုအမြဲနေလို့မှမရတာ
ဟုတ်တယ်မလား"

"ယွန်းကလဲ ပြောချင်တာက
မမကို ပိုင်ဆိုင်ထားရတာ သေချာတယ်ဆို
စိတ်ချထားလို့ရတာပေါ့ ခုတော့
ဘယ်သူ့ဆီကိုများ ပါသွားမလဲဆိုပြီး
တွေးပူနေရသေးတာ သိရဲ့လား"

ရင်ခွင်ထဲကနေ သိမ့်မျက်နှာ
ကိုမော့ကြည့်ကာ
နှုတ်ခမ်းဆူဆူလေးနဲ့ ပြောနေပုံက
တကယ့်ကို ကိုက်စားချင်စရာ
ဒီအချိန် သိမ့်စိတ်ကိုသာ
အရှိအတိုင်းလွှတ်ပေးမိလို့ကတော့😄

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now