အပိုင်း (၂၈)

9.2K 665 41
                                    

#Unicode
နောက်နေ့မနက်.......
ကလေးနားလိုက်ကပ်နေတဲ့ကောင်
နှောင့်ယှက်နေမှာစိုး၍
ကလေးကိုသူ့အတန်းရှေ့ထိ
ပို့ပေးခဲ့ပြီးမှ သိမ့်ကိုယ့်အတန်းကိုယ်
ဆက်လျှောက်လာခဲ့လိုက်တယ်

အခန်းရှေ့ရောက်တော့
ဝင်မယ်အလုပ် နောက်ကခေါ်သံကြားလို့
လှည့်ကြည့်လိုက်ရာ ခန့်သူရဖြိုးဖြစ်နေသည်
သိမ့်မျက်မှောင်တချက်ကြုံ့မိလိုက်ပြီး

"ဘာကိစ္စရှိလို့လဲ"

"အစ်မနဲ့ စကားခဏလောက်ပြောချင်လို့"

"ဘာပြောချင်တာလဲ"

"ဒီမှာပြောဖို့အဆင်မပြေဘူးဗျ
ကျွန်တော်နဲ့ ခဏလောက်လိုက်ခဲ့ပေးပါလား"

"အတန်းစတော့မှာ လိုက်လို့မရဘူး"
သိမ့်ငြင်းလိုက်တော့ ခန့်သူရဖြိုး
အနားကို ကပ်လာကာ

"ယွန်း‌လေးနဲ့အစ်မ ပက်သတ်မှုကို
ကျွန်တော်သိထားတယ်ဆိုရင်ရော"
ဒီတခါမှ သိမ့်လန့်သွားကာ

"နင်က ဘာတွေသိထားတာလဲ"

"အဲ့ဒီအကြောင်းကို တကယ်ဒီမှာ
ပြောစေချင်လို့လားအစ်မက"

ဒီတခါတော့ ကျောင်းသားသိပ်မရှိတဲ့နေရာကို
သိမ့်က ဦးဆောင်ထွက်လာခဲ့လိုက်သည်

"ပြောစမ်းပါဦး မင်းကဘာတွေသိထားတာလဲ"

"ကျွန်တော်ဘာတွေသိထားလဲမပြောခင်
ဒီပုံလေး အရင်ကြည့်လိုက်ပါ"
ခန့်သူရဖြိုးပြတဲ့ဖုန်းကို လှမ်းကြည့်လိုက်တော့
မနေ့က ကလေးကိုယ့်ကိုနမ်းလိုက်တာကို
အမိအရရိုက်ထားတဲ့ ဓါတ်ပုံပင်

"နင်က မိန်းမကျင့်မိန်းမကြံနဲ့
လိုက်ချောင်းနေခဲ့တာလား"
ခန့်သူရဖြိုး ခက်မဲ့မဲ့တချက်ပြုံးပြကာ

"ထင်ချင်သလို ထင်နိုင်ပါတယ်"

"အေ သိပြီပဲထား နင်ကဘာလုပ်ချင်လို့
ငါ့ကိုခေါ်တွေ့တာလဲ"

"အစ်မကိုနောက်ဆုတ်ပေးစေချင်လို့"

"ဘာ"

"ဟုတ်တယ် ကျွန်တော်ယွန်းလေးကို
ချစ်တဲ့အချစ်ကလဲ ပေါ့သေးသေးတော့
မထင်စေချင်ဘူး သူအမြဲကျွန်တော့်ကို
ခါးခါးသီးဖြစ်နေတဲ့ အဖြေကိုရှာကြည့်ခဲ့တာ
နှစ်ပေါက်နေပြီ ခုမှသိခဲ့ရတယ်"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now