အပိုင်း (၃၉)

9.7K 694 54
                                    

#Unicode
"အငယ်ကောင် ငါဘယ်လိုလုပ်ရမလဲဟင်
ကလေးကို ဘယ်မှာမှမတွေ့ဘူးပြောတယ်
ငါလိုက်သွားမှ ရတော့မယ်"

"အစ်မ နင်အခုသွားရင် ပြဿနာတွေက
အရမ်းကြီးသွားလိမ့်မယ် မနက်ကျရင်
နင့်စေ့စပ်ပွဲလေ"

စည်သူတစ်ယောက် အစ်မဖြစ်သူကိုသနား
သူငယ်ချင်းကိုလဲ စိတ်ပူနှင့် ကြားထဲက
ဘာလုပ်ပေးရမှန်းမသိဖြစ်နေရ၏

"ဟင့်အင်း ငါဘယ်လိုမှ ကလေးကို
တွေ့တဲ့အထိ ထိုင်မစောင့်နေနိုင်တော့ဘူး
ငါကိုယ်တိုင်ရန်ကုန်ပြန်ပြီး ရှာမှဖြစ်မှာ"

"နင့်စိတ်ကို ‌အေးအေးထားပါအစ်မရယ်
စိတ်ထိန်းပြီး စဉ်းစားစမ်းပါဦး
ယွန်းသွားတတ်တဲ့နေရာတွေကို"

"ငါစဉ်းစားတာကုန်နေပြီ
သူ့အဒေါ်အိမ်ကိုလဲ သွားကြည့်ခိုင်းပြီးပြီ
ဒီကနေ ခိုးထွက်လို့ရအောင် ငါ့ကိုကူညီပါနော်
ငါ့ကိုကားဂိတ်လိုက်ပို့ပေးပါနော် ကလေးက
တဇွတ်ထိုးလေး သူတခုခုလုပ်မိမှာ
ငါအရမ်းကြောက်တယ် ငါ့ကိုလိုက်ပို့ပေးပါ"

"အေးပါ ငါလိုက်ပို့ပေးမယ်နော်
ခဏလေးပါ ငါအောက်ကို
အခြေအနေသွားကြည့်လိုက်ဦးမယ်
နင် ခဏစောင့်နော်"

သိမ့်ကိုပြောကာ အောက်ဆင်းလာတော့
ဧည့်ခန်းထဲ ဧည့်သည်တွေနဲ့ဖေဖေတို့နဲ့
စကားပြောနေတဲ့အနားသွားပြီး

"ဟို ဖေဖေ မမကမြို့ထဲခဏသွားချင်လို့တဲ့
အဲ့ဒါ သားလိုက်ပို့လိုက်ဦးမယ်နော်"

"ဘာသွားလုပ်ကြမှာလဲသားရဲ့"

"မမက ဝယ်စရာလေးတွေရှိလို့ပါတဲ့"

"ဒါဆိုမောင်လွင်ဟိန်းကိုလဲ ခေါ်သွားလေ
သုံးယောက်အတူတူသွားကြပေါ့"

"ဟို မမကအားနာလို့ပါတဲ့ သူဝယ်စရာက
တခြားအသုံးအဆောင်လေးတွေရော ပါလို့"

"အေအေ ဒါဆိုလဲဝယ်ပြီးပြန်ခဲ့ကြ
အရမ်းမကြာနေနဲ့"

"ဟုတ်ကဲ့ပါ ဖေဖေ"
ခွင့်ပြုချက်ရတာနဲ့ အပေါ်ထပ်ကိုအပြေး
ပြန်တက်လာပြီး

"မမ ငါပြောပြီးပြီ သွားရအောင်"

"အငယ်ကောင် ငါသွားရင်
နင်အဆင်ပြေပါ့မလား ဖေဖေက
အရမ်းဒေါသထွက်ရင် နင်လွယ်ပါ့မလား"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now