ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၅)

11.3K 792 9
                                    

#Unicode
"စည်သူရေ စည်သူ"
ခေါ်လို့လဲမရပါလား
ဖုန်းဆက်ကြည့်ဦးမှတွေးပြီး
ယွန်းဖုန်းထုတ်နေတုန်းမှာပဲ

"ဪ ညီမလေး
လာလေ ဝင်လာတာမဟုတ်ဘူး
စည်သူက သူ့သူငယ်ချင်းနဲ့
အပြင်ထွက်သွားတယ်"

"သူ့သူငယ်ချင်း ဟုတ်လားမမ
ဘယ်သူလဲဟင်"

"အစ်မလဲ မသိဘူး
သူအပြင်သွားတာတောင်
မေမေပြာလို့သိတာ"

"ဒါဆို ယွန်းပြန်တော့မယ်လေ
သူ့ကိုဖုန်းပဲဆက်လိုက်တော့မယ်".

"ရောက်မှတော့ ဝင်ပါဦး
စည်သူမရှိလဲ အစ်မရှိတာပဲ"

ယွန်းကြားချင်နေတာ ဒီစကားပါ😁

"လာ ထိုင်ညီမလေး
ကော်ဖီသောက်မလား"
ယွန်းသောက်ချင်စိတ် မရှိသော်လည်း
မမဖျော်ပေးတာလေး
သောက်ချင်သောကြောင့်

"ဟုတ်ကဲ့ မမ
ယွန်းသောက်ချင်တယ်"

"အင်း ဒါဆိုခဏလေးစောင့်"
မီးဖိုထဲဝင်သွားပြီး ခဏနေကျ
ကော်ဖီခွက်လေးကိုင်ကာ
ပြန်ထွက်လာသည်

"သောက်ပါဦး"

"ကောင်းလိုက်တာ မမရယ်
ယွန်းသောက်ဖူးသမျှထဲ
ဒီကော်ဖီအကောင်းဆုံးပဲ"

သိမ့်လဲ သဘောကျစွာရယ်လိုက်ရင်း
"ညီမလေးကတော့ ‌နောက်ပြီ"

"မမ ယွန်းတစ်ခုလောက်မေးလို့ရမလားဟင်"

"အင်း မေးလေ"

"ဟိုလေ မမက တခါမှ
ရည်းစားမထားဖူးတာလားဟင်"

"အင်း ဟုတ်တယ်
ဘာဖြစ်လို့ မေးတာလဲ"

"မမက အရမ်းလှတာကို
လိုက်တဲ့သူတွေလဲရှိမှာပဲလေ
မမ ဘယ်လိုရှောင်ခဲ့လဲသိချင်လို့"

တကယ်တော့ မမရည်းစားမထားဖူးတာက
ယောက်ျားတွေကို
စိတ်ကုန်နေတဲ့သူ မိန်းကလေးတွေကို
နဲနဲဖြစ်ဖြစ် စိတ်ဝင်စားသူဖြစ်လိုဖြစ်ငှား
မျှော်လင့်ချက်လေးနဲ့ ယွန်းမေးမိတာ
ဖြစ်သည်

"လိုက်တဲ့သူလဲ သိပ်မရှိခဲ့ပါဘူး
နှစ်ယောက်သုံးယောက်လောက်ပဲ
အဲ့လူတွေကိုလဲ တမင်ကြီး
ရှောင်ခဲ့ရတယ် မဟုတ်ပါဘူး
သူတို့ချစ်တယ်ဆိုတာက
သူတို့လိုက်လို့ တလလောက်ထိ
ကိုယ့်ဘက်က လုံးဝစိတ်မဝင်စားတဲ့ပုံ
ပြလိုက်ရင်ပဲ အလိုလိုနောက်ဆုတ်ကုန်တာပဲ
မမရည်းစားမထားသေးဘူးဆိုတာကလဲ
ချစ်တဲ့သူမတွေ့သေးလို့ပါ
ညီမလေးက ဘာလို့မေးတာလဲ
လိုက်တဲ့သူများလို့ စိတ်ရှုပ်နေရလို့လား"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now