ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း (၂၀)

11.4K 711 24
                                    

#Unicode
ခရီးက ပြန်ရောက်ကတည်းက
ကလေးနဲ့မတွေ့ရတာ
လေးရက်ရှိပြီ
ကလေးကလဲ သူ့အကို
ပြန်ရောက်နေတယ်ဆိုပြီး
အိမ်ဘက်တောင်ပေါ်မလာ
ခုလဲ သတိရလို့ဖုန်းဆက်တာကို
မကိုင်တော့ သိမ့်စိတ်တိုနေသည်

အဖြေရလို့ အချိုးပြောင်းသွားတာလား
ကိုယ်ကသူ့အတွက် အရမ်းကို
လွယ်သွားလားလဲ တွေးပြီး
ကိုယ့်လုပ်ရပ်ကို မှားပြီလား
ပြန်တွေးနေမိတယ်

သတိရတာကတကြောင်း
အတွေးတွေနဲ့ စိတ်တိုတာတကြောင်းနဲ့
တစ်ယောက်တည်း အခန်းထဲမှာ
နေမထိထိုင်မသာ သာ
ဖြစ်နေတော့တယ်

'ရှေ့ကိုပေါ်လာကြည့်ဦး
ကောင်းကောင်းကြီးကို ဆုံးမပစ်ဦးမယ်'
(ကလေးကို ကြိမ်းနေတာနော်😬)

"ညီမလေး ဘာဝယ်ဦးမလဲ"

"မဝယ်တော့ဘူး ကိုကို
အိမ်မြန်မြန်ပြန်ရအောင်"

"ရောက်ကတည်းက ပြန်မယ်ပဲပြောနေတာ
ကိုကိုနဲ့ တခါတလေမှ ဒီလိုထွက်ရတာကို
ဘာတွေအရေးကြီးနေတာလဲ"

"ယွန်း ဖုန်းကျန်ခဲ့လို့"

"ဖုန်းကျန်ခဲ့တာ ဘာဖြစ်လဲ
ညီမလေးမရိုးတော့ဘူးနော်
ဖုန်းကိုပဲ ချစ်နေတာလား
ဖုန်းထဲက ချစ်ရမဲ့သူပဲ
တွေ့နေတာလား မှန်မှန်ပြော"

"ကိုကိုကလဲ ယွန်းကဘယ်သွားသွား
ဖုန်းယူနေကျကို မပါတော့
အဆင်မပြေတာပါ ခုလဲ
အားလုံးဝယ်ပြီးပြီမို့
ပြန်မယ်ပြောနေတာပါ"

"ဟုတ်ပါပြီဗျာ လမ်းမှာမေမေ
မှာလိုက်တာတော့ ဝင်ယူပါရစေဦးနော်"

တကယ်တော့ ယွန်းမမကို
အရမ်းလွမ်းနေလို့ပါ
မနက်က အိပ်ရာထနောက်ကျတာနဲ့
ကိုကိုကလဲ လောနေတာနဲ့မို့
ဖုန်းလဲမေ့ မမကိုလဲ
ပြောခဲ့ဖို့မေ့နဲ့ နမော်နမဲ့နိုင်တဲ့
ကိုယ့်ကိုယ်ကိုသာ စိတ်တိုနေရင်း
အိမ်ကိုသာ မြန်မြန်ရောက်ချင်နေတော့တယ်

"ဒီမောင်နှမ ပြန်လာတာ
မြန်လှချည်လား"

"မေကြီးသမီးလေ ဖုန်းကျန်ခဲ့လို့တဲ့
အရမ်းပြန်ချင်နေတာ
သားစားချင်တာလေးတောင်
မစားခဲ့ရဘူး ဗိုက်ဆာနေပြီ"

"အဲ့လိုပဲ မင်းညီမက
ထမင်းလာစား နှစ်ယောက်လုံး"

"ယွန်းစားသေးဘူး မေမေ
ခဏနေမှ လာစားတော့မယ်"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now