အပိုင်း (၃၇)

10K 656 46
                                    

#Unicode
ယွန်းတို့ကျောင်းတွေ ပြန်ဖွင့်ပြီမို့
မမနဲ့ ယွန်းတွေ့ချိန်က
တကယ်ကို ညအချိန်လေးပဲရှိပါတယ်
ဒီကြားထဲမှ ခုတလောမမကလဲ
Over Timeတွေဆင်းနေရတာ
9:00လောက်မှ ပြန်ရောက်ပြီး
ပြန်ရောက်တော့လဲ ပင်ပန်းလို့ဆိုကာ
စောစောအိပ်တတ်တာမို့ ယွန်းတစ်ယောက်
ခုတလော မမနဲ့မကြည်နူးရတာတောင်ကြာပြီ

"မမ ဒီနေ့ရော အချိန်ပိုရှိလားဟင်"

"မရှိဘူးထင်တယ်ကလေးရဲ့ ဘာလို့လဲ"

"ညနေကျရင် မမနဲ့အတူတူ မုန့်ထွက်စားချင်လို့"

"အင်း ညနေကျရင် မုန့်လိုက်ကျွေးမယ်နော်
ကျောင်းမှာလဲ စာကိုသေချာလိုက်ကြည့်
စိတ်ချမယ်ကြားလား ပရောပရီလာလုပ်တဲ့
ကောင်လေးတွေရှိရင်လဲ ဝေးဝေးနေ"

"စိတ်ချပါ မမရဲ့
မမလဲ အလုပ်ထဲ နားနားနေနေလုပ်
ထမင်းစားချိန် စားနော်"

"ကောင်းပါပြီရှင် ဒါဆို မ သွားမယ်နော်
ကျောင်းမသွားခင် ထမင်းကိုသေချာစားသွား"

"နေဦးလေ kissလေးမပေးသွားတော့ဘူးလား"

"ပေးမှာပါကလေးလေးရဲ့ မွ မွ မွ မွ"
ယွန်းမျက်နှာလေးတဝိုက်ကို နမ်းပြီးမှ
အလုပ်သွားတာတော့ သူတို့နှစ်ယောက်ရဲ့
ချစ်ဖို့ကောင်းတဲ့ Morningအကျင့်လေးတခုပေါ့

မမလဲ အလုပ်သွားပြီမို့
ယွန်းလဲ ကျောင်းသွားဖို့ပြင်နေတုန်း
မမိုးဆီက ဖုန်းဝင်လာသည်

"ဟလို မမိုး"

"ယွန်း ဒီနေ့ မ ကျောင်းလိုက်ပို့မယ်လေ
အဲ့ဘက်သွားစရာရှိတာနဲ့ လမ်းလဲကြုံနေလို့ပါ"

မမိုးနဲ့ ရောရောနှောနှောနေရင် မကောင်းတော့လို့
ယွန်းရော သိမ့်ရော ဆင်ခြင်နေကြပေမဲ့
မမိုးကတော့ အရင်လိုပဲယွန်းကိုဆက်ဆံနေဆဲ
သူတောင်းဆိုတာကို ယွန်းဘယ်နှခါပဲ
ငြင်းနေပါစေ လုံးဝဇွဲမလျော့ပဲ
တောင်းဆိုမြဲ လုပ်ပေးမြဲ ယွန်းတင်မကပဲ
မမကိုပါ အဲ့လိုဆက်ဆံပေးတာကြောင့်
ယွန်းတို့သုံးယောက်ကြား ဘာပြဿနာမှတော့မရှိပေမဲ့
သူလုပ်ပေးတာတွေအရမ်းများရင် နောက်ပိုင်း
အားနာစရာတွေ ဖြစ်လာတော့မှာမို့
မမက ယွန်းကိုဆင်ခြင်နေခိုင်းခြင်းပင်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now