ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၄)

11.7K 809 5
                                    

#Unicode
"သမီးရေ လာထိုင်ပါဦး
တို့သားဖတွေ စကားအေးဆေး
မပြောရတာတောင် ကြာပြီ"

"ဟုတ်ကဲ့ ဖေဖေ
မေမေရော လာလေ"

"လာပြီ သမီးလေးရေ
ခဏလေး မေမေပန်းသီးလှီးနေလို့"

"ကျောင်းတက်ရတာရော
အဆင်ပြေရဲ့လား သမီး"

"ဟုတ်ကဲ့ ပြေပါတယ် ဖေဖေ
သူငယ်ချင်းအသစ်တွေကလဲ
ခင်ဖို့ကောင်းတယ်"

"ဖေ့သမီးလေး အဆင်ပြေရင်
ပြီးတာပဲ ဆိုင်ကယ်မောင်းရင်လဲ
သတိထားမောင်းနော် သူငယ်ချင်းနှစ်ယောက်စောစောသွားပြီး ဖြည်းဖြည်းပဲမောင်းကြ"

"စိတ်ချပါ ဖေဖေရဲ့စည်သူလဲ
ဖြည်းဖြည်းပဲမောင်းရဲတာ"

သားဖနှစ်ယောက်စကားပြောနေချိန်
မေမေက ဝင်လာသည်

"စည်သူဆိုလို့ ပြောရဦးမယ်
သူတို့မောင်နှမနှစ်ယောက်မှာ
စည်သူလေးကသွက်ပြီးဖော်ရွေသလောက်
အကြီးမလေးက ရိုင်းချင်တယ်"

"ဘာလို့လဲမေမေရဲ့ မမကမရိုင်းပါဘူး"

"ဟိုနေ့က မေမေနဲ့ဈေးထဲတွေ့တာလေ
လူကြီးကို နှုတ်ဆက်‌ရကောင်းမှန်းတောင်
မသိဘူး ရိုင်းတယ်"

"မဟုတ်ပါဘူးမေမေရဲ့ ‌
မမကရိုင်းတာမဟုတ်ပါဘူး
အနေအေးတာပါ ဘယ်လိုပြောရမလဲ
လူတွေနဲ့စကားပြောရမှာကို
ကြောက်တဲ့ပုံစံဖြစ်နေလို့ပါ"

"မသိပါဘူးအေ"
မေမေက မမကိုအမြင်မကြည်တော့
မဖြစ်စေချင်ပါ
မမရဲ့အနေတည်မှုကို မေမေက
အထင်လွဲနေတယ် ထင်ပါရဲ့

"ယွန်း နေ့လည်ကျ နင်ငါ့ကို
မုန့်ကြွေးရမှာနော်
ဟိုနေ့က ငါအ‌ပေါ့သွားမလိုနဲ့
ဆိုင်ကယ်ကို တမင်လေသွားလျှော့တာ
နင်သိတယ်မလား"

"သိတာပေါ့ သူငယ်ချင်းလေးရယ်
ကြိုက်တာသာစား ငါကြွေးမယ်
ဒါနဲ့ စည်သူ ငါပေးတဲ့ပုံတူလေးကို
မမဘယ်နားထားလဲ"

"သူ့စာကြည့်စားပွဲပေါ် ထောင်ထားတယ်
နင့်ကိုလဲကျေးဇူးပါလို့ ပြောပေးပါတဲ့
ငါ့ကိုမှာလိုက်တယ် ငါလဲကိုယ့်ဘာသာ
ပြောလို့ပဲပြောလိုက်တယ်"

"ဟီးဟီး ပျော်ပြီလေ
ငါ့အကောင့်ကိုလဲ လက်ခံပေးပြီးပြီ
ငါကတော့ အဆင့်တက်လာသလို
ခံစားရတယ်"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now