ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၄)

11.8K 852 28
                                    

#Unicode
သိမ့် ယွန်းကိုဝင်ပို့ခဲ့ပြီး
အိမ်ပြန်ရောက်လို့
ရေမိုးချိုးပြီးသည့်တိုင်
စည်သူ ပြန်မရောက်သေးပါ

ဖုန်းဆက်တော့လဲ ဒင်းက
စက်တောင်ပိတ်ထားသေး
ဧည့်ခန်းကပဲ စာအုပ်ဖတ်ရင်း
စည်သူပြန်အလာကို ထိုင်စောင့်နေလိုက်သည်

ယွန်းအိမ်ပြန်ရောက်တော့
မမ ယွန်းအပေါ်ထားတဲ့
စိတ်ကို ဘာသာပြန်ကြည့်နေပေမဲ့
အဖြေမရ ဒါပေမဲ့
ယွန်းတွေးထားသလို မမက
ယွန်းကိုမုန်းလဲ မမုန်း
အရင်လိုပဲ မမနဲ့ အခေါ်အပြော
လုပ်လို့ရနေတာလေးကိုပဲ
ကံကောင်းတယ် လှည့်တွေးနေရသည်

မမသာ ယွန်းကိုပြန်ချစ်ရင်
ယွန်းဘာမဆို ရင်ဆိုင်ရဲပါတယ်
ဘယ်လိုအတားအဆီးတွေ အခက်အခဲတွေပဲ
လာပါစေ မမနဲ့အတူတူသာဆို
ယွန်းအားလုံးကိုရင်ဆိုင်ရဲတဲ့
သတ္တိအပြည့် ရှိပါတယ်
လိုနေတာ မမအချစ်တစ်ခုထဲရယ်ပါ

သိမ့်စာအုပ်ထဲ အာရုံရနေမှ
အိမ်ရှေ့က ဆိုင်ကယ်ရပ်သံကြားပြီး
မြောက်ကြွမြောက်ကြွနဲ့
ပြန်ဝင်လာတဲ့ စည်သူ့ကို
တွေ့လိုက်ရသည်

"အငယ်ကောင် နင်ဒီကိုလာဦး"

"ဘာလဲဟာ ငါနားချင်နေပြီ"

"နင့်ကိုလာဦးဆို လာလိုက်နော်"

သိမ့်ထအော်လိုက်တော့မှ
စူပုတ်ပုတ်မျက်နှာနဲ့
သိမ့်ဘေးနား လာထိုင်သည်

"ညနေက နင်နဲ့အတူတူ
ဆိုင်ကယ်စီးသွားတာ ဘယ်သူလဲ"

"ဟင် ဪ သူငယ်ချင်းလေ"

စည်သူတခုခုပေါ်သွားသလို
လန့်သွားပြီးမှ ပြန်ထိန်းပြီးပြောလိုက်မှန်း
သိမ့်ရိပ်မိပြီးသား

"ငါ့ကို လာမလိမ်နဲ့ အငယ်ကောင်
နင်ခါးဖက်ပြီး စီးသွားတာ
ငါမမြင်ဘူးထင်လို့လား
ခုတလော ငါ့ကိုရောယွန်းကိုရော
နင်ဖုံးကွယ်ထားတာ တစ်ခုခုရှိနေတယ်ဆိုတာ
သိပြီးသား အဲ့ဒါဘာလဲ
နင်ကောင်လေးတစ်ယောက်နဲ့ တွဲနေတာလား"

"တိုးတိုးပြောပါဟာ မေမေကြားသွားပါဦးမယ်
မေမေရှိတယ်မလား"

"အေ ရှိတယ် ခြံနောက်ဖေးမှာ
သူ့ပန်းပင်လေးတွေကို ပြုစုနေတယ်
ငါနင့်ကို တိုင်ကိုတိုင်ဦးမှာ
ဖေဖေနဲ့ရော မေမေနဲ့ရော"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now