အပိုင်း (၃၄)

12.3K 764 52
                                    

#Unicode
သိမ့်ရင်ခွင်ထဲ ပါးလေးအပ်ကာ
တရှုံ့ရှုံ့နဲ့ ငိုနေပြန်တဲ့ယွန်းကို
မေးဖျားလေးကကိုင်ပြီး ဆွဲမော့ကာ

"ဘာလို့ ငိုနေရပြန်တာလဲကလေးရဲ့"

"ခုထိမယုံနိုင်သေးပဲ
အရမ်းပျော်လို့ပါ ယွန်းအိပ်မက်
မက်နေတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ရပါဘူးရှင် ဒီမမကအစစ်ဖြစ်သလို
မရဲ့အချစ်တွေကလည်း အစစ်တွေပါ
မယုံရင်ဒီမှာ နမ်းကြည့်"
သိမ့်မျက်နှာလေးရှေ့တိုးကာ နှုတ်ခမ်းလေး
ထော်ပေးလိုက်တော့ သူ့နှုတ်ခမ်းလေးနဲ့
တချက်ဖိနမ်းလိုက်ပြီး ရင်ခွင်ထဲကို
ခေါင်းလေးပြန်အပ်သွားပြန်ပါတယ်"

"အရမ်းချစ်တယ် မမရယ်
ဒီရင်ခွင်လေးကို နေ့တိုင်းလွမ်းနေရတာ"

"ဟုတ်ပါပြီ မရဲ့အချွဲလေးရယ်"

"မမ"

"ရှင်"

"ယွန်းကို ချစ်လားဟင်"
ရင်ခွင်ထဲကကနေ မော့ကြည့်ပြီး
မေးလာတဲ့ ယွန်းနဖူးလေးကို
သိမ့်တချက်နမ်းလိုက်ပြီး

"အရမ်းချစ်လို့ ဘယ်သူ့လက်ထဲမှ
မပေးနိုင်လို့ ကလေးရှိရာအရပ်ကို
ခုလို‌လာခဲ့တာပေါ့"

"ဟင် ဒါဆို မမက ယွန်းဆီ
တမင်လာတာပေါ့နော် ဒါနဲ့များ
မမက ယွန်းကိုညာတယ် ယွန်းကိုရက်စက်တယ်"

"မ တောင်းပန်ပါတယ်ကလေးရယ်
ခုလို ဟန်ဆောင်နေခဲ့ရတာရော
ကလေးကိုမချစ်ဘူးပြောတုန်းကရော
မ ရင်တွေလဲကွဲခဲ့ရပါတယ် အဲ့တုန်းက
အဲ့လိုမှမလုပ်ခဲ့ရင် ခုချိန် မ နဲ့ ကလေး
ခုလိုရှိနေနိုင်မှာမဟုတ်ဘူးလေ"

"ဒါဆိုအဲ့တည်းက မမက
အစီအစဉ်ရှိခဲ့တာပေါ့နော်"

"အဲ့တုန်းက အစီအစဉ်ကတော့
ကလေးကျောင်းပြောင်းတာမပါဘူးပေါ့
ဒီအဆိုးလေးက မ နဲ့ဝေးရာ
ပြေးသွားတော့လဲ တမျိုးပြောင်း
စီစဉ်ရတော့တာပေါ့လို့"

"ဒါဆို ခုယွန်းကို ဟန်ဆောင်ထားတဲ့
အစီအစဉ်ကရောဟင်"

"အဲ့တာက ခုထိ Secretပါနော်"

"ဟွန့် မမ အရမ်းဆိုးတယ် ယွန်းကို
နဲနဲလေးတောင် အသိမပေးခဲ့ဘူး
ယွန်းမှာတော့ရင်တွေကွဲပြီး ငိုလိုက်ရတာ
ဒီကြားထဲ ယွန်းနောက်တစ်ယောက်တွေ့ရင်ရော
မမဘယ်လိုလုပ်မလဲ"

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now