ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၆)

12.5K 709 24
                                    

Warning 🔞🔞🔞
#Unicode
မမ ပြန်လာပြီလို့
ဖုန်းဆက်ထားတည်းက
ယွန်းတစ်ယောက် ဂဏာမငြိမ်တော့
မတွေ့ရတာ 15ရက်ကျော်ပြီဆိုတော့
ပြန်တွေ့ရမှာကို ရင်တွေခုန်ပြီး
ရွစိရွစိဖြစ်နေသည်

အိမ်မှာထိုင်နေရင်းမှ
မနေနိုင်တော့တာနဲ့ စည်သူ့ကို
အိမ်မှာရှိလား ဖုန်းဆက်မေးကာ
မမအိမ်ကပဲ သွားစောင့်နေလိုက်တော့တယ်

"အစ်မမရှိတုန်းက အိမ်ဖက်ကို
တခါလေးတောင် ခြေဦးမလှည့်လာပဲ
ခုပြန်လာပြီလဲဆိုရော တန်းရောက်လာတယ်နော်
သိသာချက်"

"ဟီးးး သူငယ်ချင်းလေးကလဲ
မတွေ့ရတာ ဘယ်လောက်တောင်
ကြာနေပြီလဲ ငါအရမ်းလွမ်းနေလို့ပါ
ခုလိုစောင့်နေရတာတောင် စိတ်မရှည်တော့ဘူး
မျက်နှာလေး မြင်ချင်လှပြီ"

"တော်တော်ကဲနော်
ဖေဖေသွားကြိုပြီ ခဏနေရောက်တော့မှာ
မေမေတို့ရှေ့မှာတော့ စိတ်ကိုထိန်းနော်"

"အေးပါ ငါသိပါတယ်"

"သိရင် ပြီးရော"

ယွန်းရောက်လာပြီး စည်သူနဲ့
စကားထိုင်ပြောနေတာ
တနာရီလောက်ကြာတဲ့ထိ
မမတို့က ရောက်မလာသေး

"တွေ့ချင်ပါတယ်ဆိုမှ
ကြာနေတယ်ဟာ"

"မညည်းနေတော့နဲ့
ဟိုမှာရောက်ပြီ"

ခြံရှေ့က ကားဟွန်းသံကြားတော့
ယွန်းရောစည်သူပါ တံခါးသွားဖွင့်တာကို
မမမြင်တော့ လှမ်းပြီးပြုံးပြနေသည်
ယွန်းလွမ်းနေတဲ့မျက်နှာလေး အပြုံးလေး
ခုမှပဲမြင်ရတော့တယ်

"သမီးယွန်း ရောက်နေတာလား
သူငယ်ချင်းတွေ စကားပြောကြဦးနော်
အန်တီတော့ ခရီးပန်းလာလို့
နားလိုက်ဦးမယ် သမီးယွန်းကို
ပါလာတဲ့မုန့်လေးတွေ ကျွေးလိုက်ဦးနော်"

"ဟုတ်ကဲ့ပါ မေမေ"

ဖေဖေနဲ့ မေမေအခန်းထဲ ဝင်သွားကြတော့
စည်သူပါ ရှောင်ပေးလိုက်တယ်

"အိမ်ကိုကြိုရောက်နေတယ်ပေါ့လေ"

"ဟုတ် အရမ်းလွမ်းနေလို့"
ပြောလဲပြောနောက်က သိုင်းဖက်လိုက်တဲ့
ကလေးကိုတားကာ

"အခန်းထဲထိ စောင့်ပါဦး
ဟိုမှာ ဖေဖေနဲ့မေမေပြန်ထွက်လာလို့
မြင်သွားဦးမယ်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now