Chapter (1)

11.7K 597 10
                                    

* UNICODE *

Never....(ဘယ်သောအခါမှ)
____________________________

"တိတိလေးရေ...မမကိုကူညီပါဦး"

မနက်ကတည်းက တစ်ကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေသော အစ်မဖြစ်သူကြောင့် ရိပေါ်မှာခေါ်သံကြားတာနှင့် တစ်ပြိုင်နက် မီးဖိုချောင်ထဲသို့ လှမ်းဝင်လာလိုက်သည်။ အေပရွှန်ကြီးတစ်ဖားဖားနှင့် ယောက်ယက်ခတ်နေသော ရိချန်းကိုကြည့်ကာ..

"မမ....ဒီနေ့ Sunday လေ  အေးအေးဆေးဆေး အနားမယူပဲ ဘာတွေချက်နေတာလဲ? နောက်ပြီးဟင်းတွေကလဲ စုံလိုက်တာ.."

ရိချန်းက ရှက်စနိုးဟန်နှင့် တခိခိရယ်သွမ်းနေကာ...

"ဘာလို့..ဟင်းတွေအများကြီး ချက်နေလဲဆိုတော့..."

စကားကို ဆက်မပြောပဲနဲ့ မျက်စပစ်လာတာမို့ ရိပေါ်က ဟက်ခနဲရယ်လိုက်ပြီး...

"သိသားပဲ.. အလုပ်ထဲကလူတွေကိုထမင်းစား ဖိတ်ထားတာမလား? မပြောလဲသိနေတယ် အဲ့မျက်နှာပေးကြီး လာမလုပ်ပြနဲ့..."

ထိုစကားကြားမှ ရိချန်းကအုန်းအုန်းကျက်ကျက် အော်ရယ်ရုံမကပဲ အပူခံလက်အိတ်နှင့် အေပရွန်ကိုပါ ချွတ်ပစ်လိုက်သည်။ ပြီးမှစားပွဲဝိုင်းတွင် အသာဝင်ထိုင်ပြီး..

"ဒီတစ်ခါတော့ တိတိလေးခန့်မှန်းတာ လွဲသွားပြီ ဒီနေ့အိမ်ကိုလာမှာက သူငယ်ချင်းမဟုတ်ဘူး ခိ...ခိ မမရဲ့ချစ်သူ.."

"ဘာ!!!!!"

ရိပေါ်အမှန်တကယ် လန့်အော်မိသွားခြင်းဖြစ်သည်..။မမ ပါးစပ်က ယောကျာ်းတစ်ယောက်အကြောင်းပြောတာ ဒါပထမဆုံးအကြိမ် မဟုတ်လား?

မိဘတွေ မရှိတော့တာမို့ ထိုလူသားကို မိမိနဲ့မိတ်ဆတ်ပေးချင်လို့သာ အိမ်ကိုခေါ်လိုက်ခြင်းပင် ဖြစ်လိမ့်မည်။ ဒါပေမယ့်..ကြိုပြီးတော့ ပြောထားသင့်တယ်​ေလ ခုတော့...

ရိချန်း က ရိပေါ့်ဆီက အန္တရာယ် အငွေ့အသက်ကို ခံစားမိပုံနှင့်...

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now