Chapter (26)

4.9K 480 62
                                    

## UNICODE ##

Never.....[[ ဘယ်သောအခါမှ ]]
****************************

ဝိဉာဥ်လဲတယ်ဆိုတာ တကယ်ရှိလို့လား?
Car Accident ဖြစ်ပြီး အမြွှာမောင်နှမ နှစ်ယောက်က ဝိညာဥ်ချိန်းသွားတယ် ဆိုတာဖြစ်နိုင်လို့လား?

ရှောင်းကျန့်မှာ တစ်ညလုံမအိပ်နိုင်ပဲ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်လျက်ရှိသည်။ Search bar မှာတော့ ဝိဉာဥ်နဲ့ပတ်သတ်တယ့် အကြောင်းအရာနှင့် သဘာဝလွန်ဖြစ်ရပ်များကိုသာ အများဆုံးရှာဖွေလို့ ထားသည်...။

ထွက်လာသော အဖြေက ရိုးရှင်းလှသည်။ သာမာန်လူတွေတောင် ဖြစ်နိုင်တယ့် ဝိညာဥ်ကူးပြောင်းခြင်းက အမြွှာတွေမှာဆို ပို၍ဖြစ်နိုင်သည်တဲ့..။ ဒါဆိုရင် ငယ့် ခန္ဓာကိုယ်ထဲမှာ တကယ်ပဲ တိတိလေး ရောက်နေခဲ့တာလား?

Car Accident ဖြစ်ပြီးတယ့်နောက်ပိုင်းမှာ ပြောင်းလဲလာတယ့် ငယ့်အမူအရာနဲ့ ပြောပုံဆိုပုံတွေ..။ အဲ့ဒါတွေအားလုံက တိတိလေးရဲ့ ပင်ကိုယ်စရိုက်တွေလား?

ကုတင်ပေါ်မှာ တစ်ခြမ်းစောင်းရင်း အိပ်ပျော်နေသော မိန်းမငယ်လေးကို မဝံမရဲငဲ့ကြည့်လိုက်မိသည်..။ တကယ်ပဲ ငယ့်ခန္ဓာကိုယ်ထဲမှာ တိတိလေးသာ ရောက်နေခဲ့လျှင်

သူ..ဘာတွေလုပ်ခဲ့မိပြီလဲ?
ခုနက အခြေအနေမှာ ငယ့်စိတ်ဝိဉာဥ်မဟုတ်ပဲ တိတိလေး စိတ်ဝိဉာဥ်သာ ဖြစ်နေခဲ့လျှင်...သူ ပြင်ဆင်၍ မရသောအမှားကြီးကို ကျူးလွန်မိချေပြီ...။

"အား....."

ထိုးကိုက်လာတယ့် ခေါင်းကို လက်နှစ်ဖက်နဲ့ ထိန်းကိုင် ထားလိုက်ရသည်..။ စာကြည့်စားပွဲမှထကာ အခန်းထဲမှာ ခေါက်ထိုးခေါက်ပြန် လက်လျောက်နေသော်လည်း ရင်ထဲကအပူမီးက မငြိမ်းအေးနိုင်..။

ဘာတွေလုပ်မိပြီလဲ?
ကိုယ့် ကိုချစ်ပါတယ်ဆိုတယ့် တိတိလေးအပေါ်ကိုမှ သူတကယ့်ကို အမှားအကြီးကြီးကျူးလွန်မိပြီ..။

တိတိ က ဘာလို့ဖွင့်မပြောခဲ့တာလဲ?
ကိုယ်က ရော ဘာလို့မရိပ်မိခဲ့ရတာလဲ?

သူက သရုပ်ဆောင် ကောင်းလွန်းလို့လား?
ဖြစ်ပျက်ခဲ့သော အခြေအနေများကို ပြန်စဥ်းစားကြည့်လျှင် တိတိလေးက ငယ့်ပုံစံအတိုင်း နေထိုင်ခဲ့ပေမယ့် ဘာတစ်ခုမှ အံဝင်ဂွင်ကျမဖြစ်ခဲ့ပေ...။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now