Never......[[Extra♥💚]]

9.3K 666 83
                                    

##Unicode #

ဆရာဝန်မဖြစ်ပဲနဲ့ ကျောင်းနားလိုက်၊ ကျောင်းပြောင်းလိုက် လုပ်နေတယ့်ဝမ်ရိပေါ်..။ ပြင်သစ် နဲ့ Canada မှာအလှည့်ကျနေထိုင်ရင်း နောက်ဆုံးတော့ China ကိုပြန်ရောက်လာခဲ့ပြီ..။

ကျောင်းပြီးပြီလားဆိုတော့ မပြီးသေးဘူး၊ နောက်ဆုံးနှစ်ကို China မှာပဲတတ်ရဖို့အကြောင်းတရားက ဖန်လာတယ်မဟုတ်လား?

ခုလဲ ပါဝါမျက်မှန်လေးကို ပင့်ကာပင့်ကာနဲ့ စာဖတ်ခန်းထဲခေါင်းစိုက်နေရသည်..။ မျက်မှန်လေးကတော့ ဒီဂရီတိုးလာတာ အမှန်ပဲ..။

"ပါးပါး "

"ရိဟော်..."

ခပ်ယဲ့ယဲ့စိထားတဲ့ တံခါးလေးကို ပုလုံးလုံးပေါက်စီလေးက တွန်းကာတိုက်ကာနှင့် ဝင်လာရင်း ရီပေါ့်ဘောင်းဘီစကိုဆွဲကာ တစ်ခုခုပြောချင်နေပုံပင်..၊ သို့ပေမယ့် စကားသံတို့ကထွက်မလာပဲ နှာခေါင်းလေး ရှံု့ပွရှုံ့ပွဖြစ်ကာ..

"ဟတ်..ဟတ်..ချီး "

ရိဟော်ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးနေတာမို့ ရိပေါ်မှာစွေ့ကနဲ ကောက်ပွေ့လိုက်ပြီး စိတ်ထဲမှာလဲ မှတ်ချက်ချလိုက်သည်..။ ရိဟော် က အစ်ကို့လိုပဲ စာအုပ်က ထွက်တဲ့အနံ့တွေကို မခံနိုင်ဘူး..။

" အစ်ကို နဲ့ Uncle က ဘယ်ရောက်နေတာလဲ? ဒီနေ့ သားကိုထိန်းပေးမယ်ပြောပြီးတော့.."

ွပါးစပ်ကလဲ ပတွတ်ပတွတ် ရေရွတ်ရင်း ခြေလှမ်းတွေက မီးဖိုချောင်ဘက်သို့ ဦးတည်သည်..။ အခန်းထဲတောင် မဝင်လိုက်ရ..၊ တစ်ရှဲရှဲ ကြော်သံလှော်သံတို့နှင့်အတူ Uncle ရဲ့ ဟိန်းဟောက်သံကိုပါ တစ်ဆတ်တည်းကြားလိုက်ရသည်..။

" ကျန့်အာ ဒီနေ့  ငါက သက်သက်လွတ်ဆိုတာလဲ သတိရပါဦး ၊ စားပွဲပေါ်မှာ ဝက်သားတွေချည်း မြင်နေရတယ် ၊ ဧကန္တ ဝက်တစ်ကောင်လုံးများ ဝယ်ချလာသလား?"

" Uncle ကလဲ ရှောင်ငယ်က စာမေးပွဲနီးနေပြီလေ၊ ဒါကြောင့် အားရှိနေဖို့လိုတယ်.."

"မင်းက ငါ့ကိုကျတော့ အားပြတ်ပြီးသေဆိုတဲ့ သဘောလား?"

ဂွကျကျစကားသံတွေကို နားထောင်းရင် ရိပေါ်မှာ ခွီးခနဲရယ်လိုက်မိတယ် ၊ ရိဟော် မှာတော့ ဖောင်းတတ်လာသော ရီပေါ့်ပါးလုံးလုံးလေးကို လိုက်ကိုက်နေပုံက စားစရာတွေ့သည့်အတိုင်း..

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now