Chapter (7)

4.2K 406 5
                                    


UNICODE

Never...{{ ဘယ်သောအခါမှ }}

China မြေကိုတော့ရောက်ခဲ့ပြီ..။
ဥဒဟိုသွားလာနေတယ့် ကာလာစုံလူသားများကိုကြည့်ရင်း ခေါင်းကလဲ နောက်ကျိကျိ..။ လေယာဥ်ပေါ်မှာ အိပ်ခဲ့လို့သာပဲ  မဟုတ်ရင် ဗုန်းဗုန်းလဲမှာ မြင်ယောင်သေး..။

Smartphone လေးက Battery downခါနီးပြီးမို့ မမဆီ ဖုန်းခေါ်ရသေးသည်..။ သို့ပေမယ့် ဖုန်းကိုင်သူက မမတော့မဟုတ်ခဲ့..ချိုအီနေတယ့် အသံလွှင့်လွှင့်လေးက နားထဲတစ်စိမ့်စိမ့် တိုးဝင်လာသည်..။ အမောကိုပြေသွားတာပဲ အစ်ကိုရယ်..။

"Hello တိတိလေးပြောလေ.."

တုန့်ပြန်စကားမဆိုမိ  ဒီအသံကြားတာနဲ့ရင်ထဲ လှိုက်တတ်လာကာ တာစူနေသော မျက်ရည်ဥတို့သည် မျက်ခမ်းစပ်မှာ ထုထည်ကြီးမားစွာနှင့် ခိုအောင်းလာကြသည်..။

"တိတိလေး..ကိုယ်ပြောနေတာ ကြားရဲ့လား? Hello Hello.."

ရိပေါ်က ခုမှအသက်ဝင်လာသူနှယ် ဟက်ခနဲထရယ်လိုက်သည်..။နည်းနည်းတော့ ကြောင်နေမှာပဲ..။

"Surprise အစ်ကို.. ကျွန်တော် China ကိုရောက်နေပြီ ဟီးးဟီးး "

ထိုလူသားက အမှန်အကန် ဝမ်းသာနေပုံနှင့် ဝေါင်း ဟုထအော်ကာ "ငယ်ရယ်.."လို့လှမ်းခေါ်သံကိုလဲ အတိုင်းသား ကြားနေရသည်..။

"ငယ်..တိတိလေးChina ရောက်နေပြီတဲ့ ကိုယ်တို့ သွားကြိုရအောင် ရေမြန်မြန်ချိုး.."

ဪ..မမကရေချိုးနေလို့  အစ်ကိုကဖုန်းကိုင်တာကို အင်းလေ လင်မယားတိုင်းက ခုလိုပဲဟာကို အဆန်းတကြယ်မှ မဟုတ်ပဲ..။

မကျေနပ်လဲ ဘာလုပ်နိုင်မှာလဲ?
China မြေကို ခြေချလိုက်ကတည်းက ကျွန်တော် ခံစားရမယ်ဆိုတာ သိပြီးသားပါ..၊

စိတ်ကိုအတတ်နိုင်ဆုံးတော့ ပြင်ဆင်လာပါတယ်..။ကိုယ်က အာရုံထွေပြား နေသလောက် အစ်ကိုကတော့ တတ်ကြွစွာပင်..


"တိတိ လေဆိပ်မှာပဲစောင့်နော် မင်း မမ ရေချိုးပြီးတာနဲ့ တန်းထွက်လာခဲ့မယ်"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now