Chapter (23)

4.3K 444 69
                                    

## UNICODE ##

Never....(ဘယ်သောအခါမှ)
*************************

"ငယ် အဆင်ပြေရဲ့လား?"

နက်တိုင် ချည်ပေးနေတယ့် ငယ့်လက်တွေကအနည်းငယ် တုန်နေတာကြောင့် ရှောင်းကျန့်မှာ ထိုသို့မေးလိုက်ရခြင်းပင်..။ ရိပေါ်မှာတော့ နဖူးမှာချွေးအနည်းငယ် စို့နေပြီ ကိုယ်မှ နက်တိုင် မချည်တတ်တာကို..။

"အဆင်ပြေပါတယ်.."

ရွေးချယ်စရာမရှိသော ဘဝတွင် ဘယ်အချိန်ထိ မမခန္ဓာကိုယ်ထဲ နေထိုင်ရမလဲ သူမပြောတတ်..၊ ဟိုတစ်ခေါက်က ဆေးရုံမှာဂယက်ရိုက်သွားတယ့် ကိစ္စကြောင့် Uncleနဲ့ အစ်ကိုက တစ်ယောက်တည်းဆို ဘယ်နေရာမှမလွှတ်တော့..။

ရိပေါ်မှာ အိမ်မှာအိပ်လိုက်၊ စားလိုက်နှင့် Uncle ရဲ့ အနီးကပ် စောင့်ကြည့်ခြင်းကို ခံ​ေနရသည်..။

"ကိုယ် အလုပ်ကအပြန် ဘာဝယ်လာခဲ့ရမလဲ?"

ရိပေါ်က တွေဝေမနေပဲ...

"ဝက်လက်စွပ်ပြုတ်..စားချင်တယ်"

ဟင်!
ရှောင်းကျန့် မျက်လုံးအစုံက အနည်းငယ်ဝိုင်းစက်သွားကာ စိတ်ထဲမှလဲ ဝက်လက်စွပ်ပြုတ် ဟု သံယောင်လိုက်ကာ ရေရွတ်လိုက်မိတယ်..။ ငယ် က အရင်ကဆုံး ဝက်သားသိပ်မစားဘူးလေ.. Weight တတ်မှာ စိုးလို့တဲ့..။

ခုတလော အလှအပကို သိပ်စိတ်ဝင်စားမှု မရှိတော့သလိုပဲ..၊ အရင်ကလို Smart ကျကျမဝတ်တော့ပဲ ဆံပင်တွေကိုလဲ ဖြစ်သလိုစည်းနှောင်ထားကာ အဝတ်အစားကလည်း ကြုံရာကို ကောက်စွပ်ထားသလို..။

Car Accident ဖြစ်ပြီးတယ့် နောက်ပိုင်းမှာ ငယ် က အခြားသူ တစ်ယောက်လို ပြောင်းလဲသွားတယ်..။ တိတိလေး စိတ်​ကြောင့်ပဲ ခုလိုဖြစ်နေတာလို့ ကျွန်တော်ထင်တယ်၊ မောင်ဖြစ်သူက ဆေးရုံမှာဆိုတော့ သူလည်း လှချင် ပချင်စိတ် ဘယ်ရှိတော့မလဲလေ..။

"Breakfast သွားစားရအောင်လေ.."

"အင်း...မွ..ငယ့်ကို ကိုယ်ချစ်တယ်နော်"

နဖူးပေါ်သို့ ထုံးစံအတိုင်း ခေါက်ရိုးကျ အနမ်းတစ်ခုကနွေးခနဲ..၊ ဒီအနမ်းနဲ့အသားကျနေခဲ့တာ အတော်ကြာပါပြီ..၊ အရင် ခန္ဓာကိုယ်နဲ့သာဆိုရင် အနမ်းမပြောနဲ့ အစ်ကို့ဆီက ဟန်ဆောင် ပွေ့ဖက်မှုတောင် ရမှာမဟုတ်ဘူး..၊ အရှက်မရှိပဲ ဝန်ခံရရင် ကျွန်တော်ပျော်နေမိတယ်..၊ ခုလိုဘဝကိုလေ..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now