Chapter (22)

4.4K 433 49
                                    

## UNICODE ##

Never.....{{ဘယ်သောအခါမှ }}

"အိပ်ပုတ်ကလဲ ကြီးလိုက်တာ..."

ခပ်တိုးတိုး စကားသံလေးက စိတ်ထင်လို့လားတော့မသိ အနည်းငယ် အက်ရှလို့နေသည်။ မျက်လုံးကို အားယူဖွင့်နေသော်လည်း ေလးလံစွာ ပိတ်ကျနေသော မျက်ခွံများဟာ ကော်နဲ့ ကပ်ထားသလိုပဲ..။

မမ....အသံကို ကြားနေရတယ်။ မျက်နှာပေါ်တရွရွ ပြေးလွှားနေသော လက်ချောင်းသွယ်သွယ်လေးကို စိတ်မှန်းနဲ့ ပုံဖော်နေမိသည်။ ပါးပြင်ကိုဖျတ်ခနဲ လိမ်ဆွဲလိုက်ရင်း ခပ်မျှင်းမျှင်း ရယ်နေပြန်သည်။

စိတ်ထင်လို့လား မပြောတတ် ရယ်သံတွေက ငိုသံစွက်လို့..။

မငိုပါနဲ့ မမ ရယ်..။

"ထတော့လေ..တိတိလေး"

အမိန့်ပေးသံ မဟုတ်ပေမယ့် ထိုစကားသံသဲ့သဲ့ကြောင့်သာ ရိပေါ့်မျက်ခွံများက Auto ပင် ပွင့်လာခဲ့သည်..။ ဦးစွာ မြင်လိုက်ရသည်က မိမိကို ငုံ့မိုးကြည့်နေသော မမ..၊ သူမက ကားAccidient ဖြစ်တုန်းက အဝတ်အစားလေးနှင့်ပင်..။

ပတ်ဝန်းကျင် တစ်ခုလုံးက မြူတွေနှင့်ရစ်ဆိုင်းနေကာ ဒီကမ္ဘာထဲမှာ မမနဲ့ ကျွန်တော်သာ ရှိနေသလို..၊ လေလဲ မတိုက်သလို နေရောင်ခြည်ကိုလဲ မမြင်ရဘူး..။ ကောင်းကင်ကြီးလဲ မရှိသလို မြေပြင်ဟာလဲ မရှိပြန်ဘူး..။

မမ.....
မမ.....
မမ.....

အော်ခေါ်ပေမယ့် အသံက ထွက်မလာပေ..။ ခန္ဓာကိုယ်ကို လှုပ်ရှားနေသော်လည်း မမြင်နိုင်သော ကြိုးများက မိမိကို ရစ်ပတ်ထားသလို၊ ခုချိန်မှာ လှုပ်ရှားနိုင်သည်က မျက်လုံးအစုံသာ..

"ပြောလေ တိတိပြောတာကို မမကြားပါတယ်.."

စိတ်ထဲက စကားဆိုလိုက်မိသည်..။

***ကျွန်တော်တောင်းပန်ပါတယ် ***

သူမက သက်ပြင်းဖွဖွချပြ​​ီး..

"ဘာအတွက်လဲ? တိတိရယ် မမကအရာရာကို ခွင့်လွှတ်ပြီးသားပါ.."

***မမက အဲ့လိုခွင့်လွှတ်နေလို့ ကျွန်တော်ကအပြစ်ပိုကြီးနေတာ နင် ငါ့ကိုမုန်းတယ်လို့ ပြောသင့်တယ်လေဟာ..****

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now