Chapter (15)

3.8K 366 11
                                    

Unicode
_________

Never (ဘယ်သောအခါမှ)

ေလတိုးသံနှင့်အပြိုင် ရိပေါ့်ရှိုက်သံတို့က တစ်စ တစ်စ ကျယ်လောင်လို့ လာတယ်..။ ရှောင်းကျန့် ကျောပြင်ကြီးမှာလည်း မျက်ရည်တွေ နှပ်ရည်တွေနဲ့ ရွဲရွဲစိုနေခဲ့သည်။ ဒီမြင်ကွင်းက story တစ်ပုဒ်ရဲ့ ဘယ်အပိုင်းမှာ ပါဝင်နေခဲ့တာလဲ?

"**Sob အစ်ကို့ကိုချစ်တယ်.. "

အသံရှရှလေးက ရှိုက်သံစွက်ကာနှင့် ကတုန်ကယင် ထွက်လာတာကြောင့် ရှောင်းကျန့်ခန္ဓာကိုယ်မှာ ဆတ်ခနဲလှုပ်သွားပြီး မိမိခါးပေါ်က လက်သေးသေးလေး နှစ်ဖက်အား အလျင်တဆော ဆွဲဖြုတ်လိုက်မိသည်။

"တိတိ...မင်း မင်း"

"အစ်ကို ဘာမှပြန်မပြောပါနဲ့ ကျွန်တော် ပြောတာကိုပဲ နားထောင်ပေးပါ "

ကျောခိုင်းလျက်ပင် ခက်ခက်ခဲခဲ ခေါင်းညိမမ့်ပြမိသည်..။ ခုချိန်မှာ တိတိမျက်နှာကို ကျိန်းသေ သူမကြည့်ရဲ မိမိအပေါ်စိတ်ဖောက်ပြန်နေတယ့် ယောက်ဖလေး အပေါ်မှာ Skin-ship တွေလုပ်ခဲ့မိသည်က တစ်ကြိမ်တစ်ခါမှမဟုတ်ပဲ. .။ သူဘယ်လောက်တောင် ချုပ်တည်းခဲ့ရမလဲ?

သုံးနှစ်တောင်ရှိပြီတဲ့..။
ငယ်နဲ့ လက်ထပ်တာတောင်မှ ဒီနေ့မှ တနှစ်ပြည့်တာလေကွာ. .။

တိတိက ကျွန်တော့်ကို မြင်မြင်ခြင်း ချစ်ခဲ့တာဆိုရင် ကျွန်တော်ကလည်း ငယ့်ကို မြင်မြင်ခြင်း ချစ်ခဲ့မိတာသူမရဲ့ ညှိုးငယ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ မပီပြင်တဲ့ အပြုံးနုနုလေး ကို တောက်ပစေချင်ခဲ့မိတာ. .။

"အစ်ကို ကျွန်တော့်ကို ကြည့်ပါဦးနော်.."

ကိုယ့်ခြေထောက်ကိုသာ စိုက်ကြည့်နေပြီး တိတိကို ဆက်ပြီး ကျောခိုင်းထားလိုက်သည်။ မင်းအပေါ် အားနာလို့ ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ?

"ကိုယ်နားထောင်ပေးပါ့မယ်.."

ရိပေါ်ရင်နာနာနဲ့ပဲ ခေါင်းညိမ့်မိတယ် ရပါတယ် အစ်ကို..။ ကျွန်တော့် မျက်နှာကိုတောင် မကြည့်ချင်တော့ဘူးလား ?ဟုတ်ပါတယ်လေ ဒီလူသားငိုတာက မမ ငိုတာလောက်တော့ ဘယ်ကဗျာဆန်ပါ့မလဲ?

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now