Chapter (16)

4.1K 398 15
                                    

Unicode

Never ( ဘယ်သောအခါမှ)
_________________________

အခန်းထဲ ရာက်သည်အထိ ရှောင်းကျန့်ခြေထောက်အစုံဟာ မတ်မတ် မရပ်နိုင်အောင် တုန်ယင်လျှက်ရှိသည်။ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေတယ့် ငယ့် ကိုကြည့်ပြီး ကိုယ့်လိပ်ပြာကို မလုံချင်...။


"ငယ်.....ကိုယ်လေ"

စကားတွေရှေ့ဆက်မတိုးနိုင်ပဲ ကုတင်ထောင့်စွန်းမှာ မှီထိုင်လိုက်ပြီး မျက်လုံးအစုံကိုမှေးမှိတ် ထားလိုက်သည်..။ သို့ပေမယ့် မကြာသေးခင်က ဖြစ်ပျက်သွားသော ကိစ္စတစ်ချို့သည် အတွေးထဲ ယောင်လည်လည်နှင့် ခုထိတိုင် မထွက်နိုင်သေး..။

တိုးသဲ့သဲ့အသံလေးက နားနားကပ်ပြီး ပြောလာသယောင် ....

"တစ်ခါလောက်တော့ ခွင့်ပြုပေးမယ် မလား? "

ဘာကိုလဲလို့မေးဖို့ အခွင့်မသာခဲ့ ။ လည်ပင်းကို တင်းကြပ်စွာ ပွေ့ဖက်လာတယ့် လက်တစ်စုံနှင့်အတူ ထိကပ်သွားသော နှုတ်ခမ်းသားများ..။

1 second
2 second
3 second
.
.
.
.
.
Second များစွာပေါင်းတော့ minutes တွေဖြစ်ကုန်ကာ ရှောင်းကျန့်မှာ နွေးအိအိအသားစိုင်လေးအား တုံ့ပြန်မှုလည်း မပြုသလို ငြင်းဆန်ခြင်းလည်း မပြုနိုင် ။ တစ်ကိုယ်လုံး တုန်ယင်လာပုံက ဆောင်းတွင်းကြီး ရေခဲတောင်ထိပ် ရောက်နေသလို..။

"ပြွတ် "ခနဲ မြည်သံပေး၍ ကွဲကွာသွားသော နှုတ်ခမ်းသားတွေ ၊ မျက်ရည်ဝေ့နေသော နက်စွေစွေ မျက်ဝန်းများနှင့် ရှိုက်သံစွက်သော စကားသံလေး......။

"ကျေးဇူးပါ အစ်ကို ခွင့်ပြုပေးလို့ "

ရင်ဘတ်ထဲ ဆိုင်းသံဗုံသံနှင့် အပြိုင် ဒူးတွေ တဆတ်ဆတ် တုန်တက်လာပုံ က သရဲတစ္ဆေတွေ့လိုက်ရတယ့်အတိုင်း ..။ တိတိသာ သူ့ပခုံးကို ထိန်းဖက် မထားဘူးဆိုရင် မြက်ခင်းပေါ် ပြိုလဲကျသွားမှာ ကျိန်းသေသည်..။ ဒါ ဘာအခြေနေကြီးလဲ?

ထိုတင်မကပဲ လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း တစ်ခုခု ထည့်ပေးလာတာကြောင့် ရှောင်းကျန့်မှာ ငုံ့ကြည့်လိုက်တော့......

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now